ရန်ကုန်မြို့နေ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် ဈေးကားဖြင့် လိုက်လံရောင်းချပေး

 

ရန်ကုန်    စက်တင်ဘာ   ၂ 


ကုန်စိမ်း၊     ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့်   ငါး၊   ပုစွန် အမျိုးမျိုးတို့ကို    ရန်ကုန်မြို့နေ ပြည်သူများ ဈေးနှုန်းသက်သာစွာ အလွယ်တကူ       ဝယ်ယူနိုင်ရန် ရန်ကုန်မြို့တော်  စည်ပင်သာယာ ရေးကော်မတီက   ရွေ့လျားဈေး ကားဖြင့်   လိုက်လံရောင်းချပေး လျက်ရှိသည်။

 


ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့တွင်   ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ  နာနတ်တောစည်ပင် သာယာရဲတပ်ဖွဲ့ လိုင်းခန်း၊ အလုံ မြို့နယ်  ဌာနာရပ်ကွက်၊  ရန်ကင်း မြို့နယ် ပြည်သာယာအိမ်ရာနှင့် ရွှေအုန်းပင်အိမ်ရာ၊    ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်  ဗိုလ်ဗထူး အိမ်ရာနှင့်  ဗိုလ်မင်းရောင် အိမ်ရာ သို့   သွားရောက်ရောင်းချပေးခဲ့ ကြောင်း သိရသည်။

 


ထိုသို့        ရွေ့လျားဈေးကား (Mobile  Market)   စနစ်ဖြင့် လိုက်လံရောင်းချနေမှုကို ရန်ကုန် မြို့တော်      စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု   စစ်ဆေးပြီး ကျန်းမာရေး     ဝန်ကြီးဌာနက ထုတ်ပြန်ထားသော  ညွှန်ကြား ချက်များ၊  အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန် မှာကြားကာ  ဈေး ရောင်း၊      ဈေးဝယ်သူများကို နှာခေါင်းစည်းများ  ဝေငှကြသည်။

 


ထို့ပြင် မြို့တော်ဝန်နှင့်အဖွဲ့ သည် လှိုင်မြို့နယ် (၁၄)ရပ်ကွက် ဘုရင့်နောင်လမ်း   အရှေ့ဘက် ခြမ်း အုတ်ကျင်းဘူတာရုံလမ်းနှင့် ပိတောက်ချောင်းအကြား   အုတ် ရေမြောင်း   တည်ဆောက်နေမှု၊ မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်၊ မင်းဓမ္မလမ်း         အရှေ့ဘက် အခြမ်း (ကျိုက်ဝိုင်းဘုရားလမ်းနှင့် အောင်သိဒ္ဓိလမ်းအကြား) လူသွား စင်္ကြံ Interlock ခင်းကျင်းနေမှု၊ လှိုင်မြို့နယ် (၁၂)ရပ်ကွက် ပါရမီ လမ်း  တောင်ဘက်အခြမ်း  (မင်း ဓမ္မလမ်းနှင့် သမိုင်းကောလိပ်လမ်း အကြား)လူသွားစင်္ကြံ စက်ဘီးလမ်း  ပြုလုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး    လိုအပ်သည်များ   မှာကြား ဖြည့်ဆည်း       ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။   

သတင်းစဉ်