ရန်ကုန်မြို့၌ ပထမဆုံး ရေပေါ်ညဈေး ဖွင့်လှစ်မည်

 

ရန်ကုန်    အောက်တိုဘာ     ၁၉ 


ရန်ကုန်မြို့၌ ပထမဆုံး ဖွင့်လှစ် မည့် ရေပေါ်ညဈေးကို အောက်တို ဘာ ၃၁ ရက်မှ နို၀င်ဘာ ၈ ရက် အထိ ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားအနီး ဆိပ်ခံတံတား အမှတ် (၅)    ၌  ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း  သိရသည်။ 

 


“ကျွန်တော်တို့   နိုင်ငံမှာရှိတဲ့    ရိုးရာအစားအစာတွေ   ဖော်ထုတ် ချင်တဲ့ ဆန္ဒရယ်၊ ရန်ကုန်မြစ်ရဲ့ အလှအပတွေကိုလည်း အများပြည်သူ တွေ လေ့လာလို့ရအောင်  ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ်။ ဒါပထမဆုံး ရေပေါ်စျေးပေါ့။  နောက်လှေစျေးလေးတွေလည်း  အဲဒီရက်ကို  ထည့် မယ်၊ အင်းလေးလိုမျိုး လှေစျေးတွေလည်း ပါမယ်၊ ရိုးရာလှေလေးတွေ နဲ့ပြသမယ်”  ဟု‌   တော်ဝင်ချမ်းသာကုမ္ပဏီမှ   တာဝန်ရှိသူတစ်ဦးက‌ ပြောသည်။ အဆိုပါ‌ရေပေါ်ညဈေးတွင် ရိုးရာအစားအစာများနှင့် နိုင်ငံ တကာ အစားအစာများ ဦးစားပေးရောင်းချခွင့်ပြုမည်ဖြစ်ပြီး လာရောက် ရောင်းချသူများသည် တိုင်းရင်းသားရိုးရာဝတ်စုံဝတ်ဆင်ပြီး ရောင်းချ ခွင့်ပြုမည်ဖြစ်ကာ ဖုန်း ၀၉၆၈၈၂၃၇၇၉၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ 

 


ရေပေါ်ညဈေးများကို     အရှေ့တောင်အာရှ   နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း စသည့်နိုင်ငံတို့တွင်လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။                                            

ဗလစိုး