
နေပြည်တော် ဧပြီ ၂၂
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ကတ္တရာ ကွန်ကရစ်ထပ်ပိုးလွှာခင်း၍ လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းလမ်း (ရွှေတိဂုံဘုရားလမ်းမှ သိမ်ဖြူ လမ်းအထိ) အရှည် ပေ ၅၅၀၀ ၊ အကျယ် ပေ ၆၀ လမ်းနှင့် အနော်ရထာလမ်း(သိမ်ဖြူလမ်းမှ ရွှေတိဂုံဘုရားလမ်းအထိ) အရှည် ပေ ၅၅၀၀ ၊ အကျယ် ပေ ၆၀ လမ်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ လမ်းများ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က အဆိုပါ လမ်းများအား အသီးသီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။ ထို့နောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ လမ်းများအား လိုက်လံကြည့်ရှု စစ်ဆေးကြသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင် နီယာဌာန (လမ်းနှင့် တံတား) ၏ လုပ်ငန်းတာဝန်များတွင် ပါဝင် သော မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းများ တည်ဆောက်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေး နှစ်များအလိုက် လျာထားတင်ပြ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း လမ်း (အောက်ရတနာလမ်းမှ အောက် ပုဇွန်တောင်လမ်းအထိ) စုစုပေါင်း အရှည် ပေ ၁၃၂၀၀ (၂ မိုင် ၄ ဖာလုံ) ကို ကတ္တရာကွန်ကရစ် ထပ်ပိုးလွှာခင်း၍ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်