
ရန်ကုန် အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့အတွင်း သန့်ရှင်းသပ်ရပ်ရေးနှင့် အများပြည်သူသွားလာမှုအဆင်ပြေချောမွေ့ရေး လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)နှင့် အဖွဲ့သည် ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ နာနတ်တောစည်ပင်သာယာ ရဲတပ်ဖွဲ့ လိုင်းခန်း၌ ရွေ့လျားဈေးကားဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံရောင်းချပေးနေမှုကို လည်းကောင်း၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေး ဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ပုစွန်အမျိုးမျိုး ရောင်းချ ပေးနေမှုများကို လည်းကောင်း၊ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ပုလဲလမ်းမကြီးတစ်လျှောက် လမ်းဘေး ဝဲ/ယာ သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေစီး ရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်နေ မှုများကိုလည်းကောင်း၊ မြို့တော်စည်ပင်သာယာရေး ကော်မတီ၊အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ယူဆောင်ရွက်နေသော လှိုင်မြို့နယ် ဘုရင့် နောင် လမ်းမကြီးပေါ်ရှိ ပိတောက်ချောင်းမှ ဘုရင့် နောင်လမ်းအတိုင်း ပါရမီလမ်းဆုံ၊ ယင်းမှ ဗဟိုလမ်း ရထားလမ်းကူးထိ အရှည်ပေ ၆၅၀၀ လမ်းချဲ့ရန်နှင့် အကျယ် ရှစ်ပေ၊ ထု ခြောက်လက်မရှိ ကွန်ကရစ် လူသွား စင်္ကြံစက်ဘီးလမ်း၊ ယာဉ်ရပ်နားရန်နေရာ များ ပြုလုပ်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက် နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်