ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပန်းဆိုးတန်း-ဒလ ဆိပ်ကမ်းတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေး

ရန်ကုန်   ဇူလိုင်    ၁၇
မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် နိုင်ရေး အသိပညာပေးဟောပြောပွဲကို   ယနေ့ နံနက် ပိုင်းတွင်    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပကြောင်း သိရသည်။
    လက်ကမ်းစာစောင်များဝေငှ
ဟောပြောပွဲတွင် မင်္ဂလာဒုံခရိုင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာန၊   လေဆိပ်ကျန်းမာရေးဌာန၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီနှင့် ရန်ကုန်အေရို ဒရုန်းကုမ္ပဏီလီမိတက်တို့မှ   တာဝန်ရှိသူများက လတ်တလောဖြစ်ပွားလျက်ရှိသော ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ရေးစီမံချက်အရ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်   ပြည်တွင်းခရီးစဉ်   ဆိုက်ရောက်/ ထွက်ခွာဆောင်၌ နံရံကပ်ပိုစတာကပ်ခြင်း၊ ခရီးသွား ပြည်သူများကို လက်ကမ်းစာစောင်များ  ဝေငှခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ  ကြိုတင်ကာကွယ်ရေး အသိပေးကြော်ငြာခြင်းလုပ်ငန်းများကို ဆောင်ရွက် ကြသည်။
အလားတူ ပန်းဆိုးတန်း - ဒလ ဆိပ်ကမ်းတွင် ကူးတို့လမ်းပြေးဆွဲနေသော ချယ်ရီ-၃  ရေယာဉ်ပေါ် ၌လည်း    ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်သည့်   အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ပြီး      ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုဆိုင်ရာ ဆိပ်ကမ်းကျန်းမာရေးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူများက   ပန်းဆိုးတန်း - ဒလ ဆိပ်ကမ်းနှင့်  ချယ်ရီ - ၃ ရေယာဉ်ပေါ်၌  နံရံကပ် ပိုစတာများ  ကပ်ခြင်း၊   ခရီးသွားပြည်သူများအား လက်ကမ်းစာစောင်များ    ဝေငှခြင်း၊    ဝမ်းပျက် ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး    အသိပေး ကြော်ငြာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။                              သတင်းစဉ်