ရန်ကုန် သြဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၌ ရန်ကုန်အဝေးသင် တက္ကသိုလ်၏၂၀၂၄ ပညာသင်နှစ် ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို သြဂုတ် ၂၅ ရက်က ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ကျင်းပသည်။
ဟောပြောပွဲတွင် ရန်ကုန်အဝေးသင်တက္ကသိုလ် ကျောင်းသား ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေ၊ လောင်းကစားဥပဒေ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ဥပဒေဆိုင်ရာအခြေခံများကို သိရှိ နိုင်ရေးအတွက် ဥပဒေပညာဌာန ပါမောက္ခဒေါက်တာသီတာထွန်းက ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များကို ဟောပြောသည်။
အခမ်းအနားသို့ ပါမောက္ခချုပ် ဆရာမကြီး၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီးနှင့်ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ သိပ္ပံ လက်တွေ့သင်တန်းတက်ရောက်ကြသည့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)