ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား ရထားလမ်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးထားမှုကြောင့် အမှတ်(၆) အစုန်လူစီးအမြန်ရထားလမ်းချော်ကျမှုဖြစ်ပွားပြီး အခြားရထားများ ကြန့်ကြာမှုဖြစ်ပေါ်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၃


ကျောက်တံခါးဘူတာမှ  ထွက်ခွာလာသော   အမှတ်(၆)  အစုန် ရန်ကုန်- မန္တလေး   လူစီးအမြန်ရထားသည်   ပဲခူးတိုင်းဒေသကြီးကျောက်တံခါး မြို့နယ်  ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြားသို့  ယနေ့ နံနက် ၃ နာရီခွဲတွင်    မိုင်တိုင်အမှတ်၊ ၁၀၄/၁-၁၀၃/၂၄ အရောက်  တံတားအမှတ် (၁၄၆) နှင့်  (၁၄၇) အနီးတို့၌ ရထားလမ်းအား  အကြမ်းဖက်  သောင်းကျန်းသူ  KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်း သူတို့၏ မိုင်းခွဲဖျက်ဆီးထားခြင်းကြောင့် ရထားသံလမ်းပြတ်တောက် ပျက်စီးနေ၍ ရထားစက်ခေါင်းနှင့်အတူ လူစီးတွဲသုံးတွဲ  လမ်းချော်ကျမှု ဖြစ်ပွားခဲ့သည်။ 


ရထားလမ်းချော်ကျမှုကြောင့် ကျောက်တံခါး-ပိန်းဇလုပ်အကြား ရထားလမ်းပိုင်းအား နံနက်  ၄ နာရီတွင် ခေတ္တပိတ်ထားခဲ့ရသည့်အတွက် အခြားလူစီးရထားများ ဖြစ်သည့် အမှတ်(၁)အဆန် လူစီး/ကုန်တင် ရထားသည်     ပိန်းဇလုပ်ဘူတာ၌ နံနက် ၃ နာရီ     ၁၅  မိနစ်တွင် လည်းကောင်း၊  အမှတ်(၂) အစုန် လူစီး/       ကုန်တင်ရထားသည် ကျောက်တံခါးဘူတာ၌    နံနက် ၁ နာရီ  ၁၀  မိနစ်တွင်    လည်း ကောင်း၊ အမှတ်(၄)   အစုန်လူစီး အမြန်ရထားသည်   ဖြူးဘူတာ၌ နံနက်  ၄  နာရီ   ၂၅  မိနစ်တွင် လည်းကောင်း အသီးသီး  ရပ်တန့် ထားရှိခဲ့ရသည်။     လမ်းချော်ကျ မှုဖြစ်ပွားသည့်  အမှတ်(၆) အစုန် လူစီးအမြန်ရထားတွင် ခရီးသည် ၄၂၆  ဦး၊  အမှတ် (၄)  အစုန် လူစီးအမြန်ရထားတွင် ခရီးသည် ၃၂၃  ဦး၊   အမှတ်(၁)  အဆန်နှင့် အမှတ်(၂) အစုန် လူစီးကုန်ရထား များတွင်   ခရီးသည်  ၁၀၀ ခန့် ပါရှိ၍          ရထားစီးခရီးသည် စုစုပေါင်း ၉၀၀  ခန့်   လမ်းခရီး၌ ကြန့်ကြာမှု       အခက်အခဲများ ကြုံတွေ့ခဲ့ကြရသည်။


ပြန်လည်ပြုပြင်


မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွား ရာနေရာတစ်ဝိုက်အား   နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များက အချိန်နှင့် တစ်ပြေးညီ     နယ်မြေလုံခြုံရေး ဆောင်ရွက်ခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများက မိုင်းပေါက်ကွဲမှု ကြောင့် ပြတ်တောက်ပျက်စီးသွား သော  ရထားသံလမ်း  ၁၅ ပေခန့် နှင့်     ကွန်ကရစ်    ဇလီဖားတုံး များကို    အစားထိုးလဲလှယ်ခြင်း နှင့်    တံတားအမှတ် (၁၄၆)  ၏ ကွန်ကရစ်ကြမ်းခင်း   ရှစ်ပေခန့် ပေါက်ထွက်   ပျက်စီးမှုများအား အမြန်ဆုံး  အချိန်နှင့်တစ်ပြေးညီ ပြန်လည်မွမ်းမံပြုပြင်လျက်ရှိပြီး ရထားခရီးစဉ်များ    ပုံမှန်ပြေးဆွဲ နိုင်ရေးအတွက်  ဆောင်ရွက်လျက် ရှိသည်။ 


ထို့အတူ         မြန်မာ့မီးရထား တာဝန်ရှိသူများက   ရထားလမ်း ချော်ကျမှုဖြစ်ပွားသည့် အမှတ်(၆) အစုန်ရထားမှ  ကျန်ရှိသည့် ခရီး သည်များနှင့်    ဖြူးဘူတာတွင် ရောက်ရှိနေသော     အမှတ်(၄) အစုန်  လူစီးအမြန်ရထားမှ ခရီး သည်များအတွက်     နေ့လယ်စာ ထမင်းဘူးများ   ဝေငှဖြည့်ဆည်း ပေးခြင်းနှင့် သောက်ရေ/သုံးရေ များ အဆင်ပြေစေရန် စီစဉ်ဆောင် ရွက်ပေးခဲ့ပြီး   အမှတ်(၄)အစုန် ရထားဖြင့်    လိုက်ပါလာသည့် ခရီးသည်များအား  ဖြူးဘူတာမှ ရန်ကုန်ဘက်သို့ မော်တော်ယာဉ် ကြီး သုံးစီးဖြင့် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင်   လည်းကောင်း၊ အမှတ်(၆)အစုန်နှင့်   အမှတ်(၂)အစုန်ရထားများဖြင့်  လိုက်ပါလာ သည့် ခရီးသည်များအား ကျောက် တံခါးဘူတာမှ     ရန်ကုန်ဘက်သို့  မွန်းလွဲ  ၁  နာရီ မိနစ် ၂၀ တွင် လည်းကောင်း    မော်တော်ယာဉ် ကြီးနှစ်စီးဖြင့်     ပို့ဆောင်ပေးခဲ့ သည်။     ယင်းဖြစ်စဉ်ကြောင့် ရန်ကုန်နှင့်     မန္တလေးဘူတာကြီး တို့မှ    ယနေ့ထွက်ခွာမည့်    လူစီး ရထားခရီးစဉ်များကို     ယာယီ ဖျက်သိမ်းထားခဲ့ရသည်။


အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့်   ၂၀၂၁   ခုနှစ် ဖေဖော်ဝါရီလ    ၁    ရက်နေ့မှစ၍ ယခုအချိန်အထိ  မြန်မာ့မီးရထား လမ်း      ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့်    ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း ၁၂၉ ကြိမ်၊ ရထား တံတားများကို    မိုင်းခွဲဖျက်ဆီး ခြင်း ၄၆ ကြိမ်၊  ဘူတာအဆောက် အဦနှင့်     ဝန်ထမ်းနေအိမ်များ အား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြကြောင်း  မှတ်တမ်း များအရ သိရှိရသည်။


ကန့်ကွက်ရှုတ်ချလျက် 


နိုင်ငံတော်    အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု     အဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်း          အခြေခံအဆောက် အဦများ    ပိုမိုကောင်းမွန်လာစေ ရေး၊    ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်း လုပ်ငန်းများကို  ရည်မှန်းချက်ထား ရှိ၍    စီမံဆောင်ရွက်ပေးလျက်ရှိ သော်လည်း  အကြမ်းဖက်သောင်း ကျန်းသူများသည်    နိုင်ငံတော်ပိုင် ရထားစက်ခေါင်းများနှင့် ရထားတွဲ များ၊  ကုန်စည်များ  ထိခိုက်ပျက်စီး စေရေး၊     ခရီးသွားပြည်သူများ အသက်အန္တရာယ်       ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး၊   ရထားဖြင့် ခရီးသွားလာမှု          မပြုရဲအောင် ခြိမ်းခြောက်ခြင်း          တို့အပြင် ရန်ကုန် -  မန္တလေး   ရထားလမ်း အဆင့်မြှင့်တင်ရေး     စီမံကိန်း လုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့အတွက်      ယုတ်မာ ပက်စက်သော ရည်ရွယ်ချက်များ ဖြင့် အကြိမ်ကြိမ်  ကျူးလွန်နေကြ သောကြောင့် အဆိုပါ အကြမ်းဖက် သောင်းကျန်းသူများ၏   ယုတ်မာ ပက်စက်မှုများအပေါ်     ပြည်သူ တစ်ရပ်လုံးက       ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက် ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်