ရန်ကုန် - မန္တလေးရထားလမ်းပိုင်းအတွင်း ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာအကြား မိုင်တိုင်အမှတ်၊ ၈၅/၁ -၂အကြား တံတားအမှတ်(၁၁၆/A)အနီးရှိ ရထားလမ်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်  နိုဝင်ဘာ  ၁၄


ရန်ကုန် - မန္တလေး    ရထား လမ်းမကြီး၏     ဒိုက်ဦးဘူတာ နှင့် ပြွန်တန်ဆာဘူတာအကြား မိုင်တိုင် ၈၅/၁-၂ ရှိ တံတားအမှတ် (၁၁၆/A) အနီး အကြမ်းဖက်သမား များက ယနေ့နံနက် ၇ နာရီခွဲခန့် တွင် ရထားလမ်းအား မိုင်းထောင် ဖောက်ခွဲမှုကြောင့်  တံတားအစွန် ကွန်ကရစ်ခုံ   သုံးပေ   ပတ်လည် ခန့်  ပျက်စီးခဲ့ပြီး    စစ်ဆေးမှုများ ဆက်လက်     ဆောင်ရွက်ခဲ့ရာ တံတားပေါ် သံလမ်းနှစ်ခုအကြား ပလတ်စတစ်ကော်ပုံးနှင့် ထည့်ထား သည့် လက်လုပ်မိုင်း သုံးလုံးနှင့် တံတားအောက်တွင်   လက်လုပ် မိုင်း လေးလုံးအား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်      သိမ်းဆည်းခဲ့ကြောင်း သိရသည်။


မိုင်းဖြစ်စဉ် ဖြစ်ပွားရာနေရာ သို့ နယ်မြေဒေသမှ တာဝန်ရှိသူ များ၊ နယ်မြေခံ   လုံခြုံရေးတပ်ဖွဲ့ ဝင်တို့က    အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်း     စစ်ဆေးခြင်း၊ မြန်မာ့မီးရထား     ဝန်ထမ်းများက လည်း   ပျက်စီးသွားသောရထား လမ်းအား   ပြန်လည်မွမ်းမံပြုပြင် ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရထား သွားလာမှုကို ထိခိုက်မှုမရှိသော အစုန်လမ်းမှ ဆက်လက်စေလွှတ် ပေးခဲ့ပြီးဖြစ်ကြောင်း        သိရသည်။ 


အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁   ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍   ယခု အချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင်   ရထား လမ်းနှင့်ရထားဘူတာ   နယ်မြေ အတွင်း ဗုံးထောင် မိုင်းခွဲ/တွေ့ရှိ ခြင်း ၁၂၈ ကြိမ်၊ ရထားတံတား များအား မိုင်းခွဲဖျက်ဆီးခြင်း ၄၆ ကြိမ်၊  ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား    မီးရှို့ ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန် ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရသည်။


နိုင်ငံတော်အစိုးရ    အနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့်ကုန်စည်ပို့ဆောင်မှု    အဆင်ပြေ ချောမွေ့   မြန်ဆန်စေရေးအတွက် ရထားလမ်း    အခြေခံအဆောက် အဦများ    ပိုမိုကောင်းမွန်လာစေ ရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက်ထားရှိ ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော် လည်း အကြမ်းဖက်သောင်းကျန်း သူများကမူ နိုင်ငံတော်ပိုင် ရထား စက်ခေါင်း၊ တွဲများနှင့်ခရီးသည် များ၊ ကုန်စည်များထိခိုက်ပျက်စီး စေရေး၊   ပြည်သူများ    အသက် အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်း မြေ့စေရေး ရထားဖြင့်ခရီးသွားလာ မှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့ အပြင်   ရန်ကုန်-မန္တလေး   ရထား လမ်းအဆင့်မြှင့်တင်ရေး  စီမံကိန်း လုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက် စက်သော    ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသော ကြောင့်   အဆိုပါ    အကြမ်းဖက် သောင်းကျန်းသူများ၏    ယုတ်မာ ပက်စက်မှုများအပေါ်    ဒေသခံ ပြည်သူတစ်ရပ်လုံးက   ပြင်းထန် စွာ    ဆန့်ကျင်ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်း      သတင်းရရှိ သည်။

                    
သတင်းစဉ်