
နေပြည်တော် ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့၏ တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ကွင်းချောင်းတံတားအား ယနေ့ နံနက်ပိုင်းတွင် KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမား များ ပူးပေါင်းအဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးမှု ကြောင့် ဒေသခံပြည်သူများ အားထား အသုံးပြုလျက်ရှိသည့် အရှည်ပေ ၃၀၀၊ အကျယ်ပေ ၅၀ ရှိ ကွင်းချောင်း သံကူကွန်ကရစ် တံတား ကညွတ်ကွင်းဘက်ခြမ်း၌ အရှည်ပေ ၆၀ ခန့် ပြိုကျပျက်စီး ခဲ့ရပြီး လက်ရှိတွင် မော်တော်ယာဉ် များ သွားလာ၍ မရကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
အဆိုပါ တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း/တံတားဦးစီး ဌာနမှ တာဝန်ရှိသူများက အမြန် ဆုံးပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင် ရေး (Counter-Terrorism Ope-ration) ကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်