
ရန်ကုန် နိုဝင်ဘာ ၂၂
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ပုံမှန်အတိုင်းဖွင့်ပေးထား သောကြောင့် ယာဉ်များပုံမှန်အတိုင်း ဖြတ်သန်းသွားလာ မောင်းနှင် အသုံးပြုလျက်ရှိကြောင်း အဝေးပြေးယာဉ်ရပ်နားစခန်းက သိရသည်။
“အမြန်လမ်းမကြီးမှာကားတွေလည်း ပုံမှန်သွားနေပါတယ်။ အရင် က ည ၁၂ နာရီ ဆိုရင် မဖြတ်ရတာတွေတောင်မှ အခုဆိုရင် ဖြတ်သန်း သွားလာမောင်းနှင်နေကြပါတယ်။ အဝေးပြေးယာဉ်တွေလည်း ပုံမှန် အတိုင်း ပြေးဆွဲနေပါတယ်” ဟု ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကို ပိတ်လိုက်ကြောင်း ကောလဟာလသတင်းအချို့ စတင်ထွက်ပေါ် နေသည့်အပေါ် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း တာဝန် ရှိသူက ပြောသည်။
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ရန်ကုန် - နေပြည်တော် လမ်းပိုင်းကို ၂၀၀၉ ခုနှစ် မတ် ၂၅ ရက်က လည်းကောင်း၊ နေပြည်တော် - စကားအင်းလမ်းပိုင်းကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်ကလည်း ကောင်း၊ စကားအင်း - တံခွန်တိုင် (မန္တလေး) လမ်းပိုင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၃၃၆ မိုင် သုံးဖာလုံအရှည်ရှိကာ မြို့နယ်ပေါင်း ၂၂ မြို့နယ်ကို ဖြတ်သန်းဖောက်လုပ် ထားရှိခြင်း ဖြစ်သည်။
ယခုအခါ ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် မောင်းနှင်ပြေးဆွဲနေ သည့် ခရီးသည်တင်ယာဉ်များတွင် Telematics စနစ် တပ်ဆင်အသုံးပြု ရန် ပြင်ဆင်နေသောကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီး ဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က Telematics စနစ်နှင့်ပတ်သက်၍ အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် အမြန်လမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်များသွားလာ နေမှုကို Command Centre မှ ထိန်းချုပ်ကြည့်ရှုရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း သိရသည်။
မျိုးခိုင်