ရန်ကင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်း

 

ရန်ကင်း   စက်တင်ဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး     ရန်ကင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ       လေ့ကျင့်ရေး (မွမ်းမံ)    သင်တန်းဆင်းပွဲကို      အမှတ်    (၄)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာန သင်တန်း ခန်းမ၌ စက်တင်ဘာ ၂၉ ရက်က ကျင်းပသည်။  


သင်တန်းဆင်းပွဲတွင်   မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ     ဦးမင်းမင်းလတ်က       အရန် မီးသတ်တပ်ဖွဲ့ဝင်များအား      မီးသတ်ပညာ ဘာသာရပ်နှင့်     ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဘာသာရပ်များ         ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန်နှင့်     မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်      တာဝန်လေးရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊        သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့ အကျိုးပြုဆောင်ရွက်ရေး      တာဝန်များကို အကောင်အထည်ဖော်   ဆောင်ရွက်ရာတွင် စည်းကမ်းကောင်းမွန်ပြီး  စွမ်းရည်ပြည့်ဝစွာပါဝင်ဆောင်ရွက်နိုင်ရေးအတွက်   သင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း       အမှာစကား ပြောကြားသည်။   ထို့နောက်   သင်တန်းသား များအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးထိန်လင်းတို့က တူညီဝတ်စုံများ ပေးအပ်ခဲ့ကြသည်။


လှလှထွေး (ပြန်/ဆက်)