ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဆေးဝါးကွပ်ကဲသူများနှင့် ဆေးဝါးထုတ်လုပ်သူများ ကွန်ဖရင့်ကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၈


ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့   (Shanghai Cooperation Organization)၏ ဆေးဝါးကွပ်ကဲ သူများနှင့်    ဆေးဝါးထုတ်လုပ် သူများ  ကွန်ဖရင့်  (Conference of Drug Regulators and Manu-facturers   in   SCO   member states)ကို  ယမန်နေ့က  အိန္ဒိယ နိုင်ငံ Ministry of Health and Family  Welfare  က    ကြီးမှူး ၍   Virtual  စနစ်ဖြင့်    ကျင်းပ သည်။

 


အခမ်အနားသို့     ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး  အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံ များ၊        ဆွေးနွေးဖက်နိုင်ငံများ မှ    ဆေးဝါးကွပ်ကဲရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊    မြန်မာ နိုင်ငံ   ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်     ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ    ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊    စက်မှု ဝန်ကြီးဌာန၊      မြန်မာ့ဆေးဝါး လုပ်ငန်းမှ တာဝန်ရှိသူများ၊ ဆေးဝါး စက်ရုံများမှ     တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


အဆိုပါ ကွန်ဖရင့်၌ ဆေးဝါး ကွပ်ကဲရေးနှင့်      ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အဖွဲ့ဝင်  နိုင်ငံများအကြား နားလည်မှုရှိစေ ပြီး ဆေးဝါးကွပ်ကဲရေးလုပ်ငန်း များတွင်    အသိပညာဖလှယ်နိုင် ရေး၊       ဆေးဝါးအရည်အသွေး စစ်ဆေးမှု၊ သုတေသနစမ်းသပ်မှု၊ ထုတ်လုပ်မှုဆိုင်ရာ ကောင်းမွန် သော  ကျင့်စဉ်တို့ကို   လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး၊    ဆေးဝါးကွပ်ကဲသူများ ကို   အရည်အသွေးမြှင့်တင်ခြင်း သင်တန်းများ ဆောင်ရွက်နိုင်ရေး၊ ဆေးဝါးဘေးအန္တရာယ် ကင်းရှင်း  ရေးဆိုင်ရာကိစ္စရပ်များ   ဆောင် ရွက်နိုင်ရေး၊     သတင်းအချက် အလက်များ ဖလှယ်နိုင်ရေး အစ ရှိသည့်    ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။  

 


ဦးစွာ အိန္ဒိယနိုင်ငံ ဗဟိုဆေးဝါး ကွပ်ကဲရေးအဖွဲ့၏ ညွှန်ကြားရေး မှူးချုပ်က    ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားမှု     များပြားစဉ်ကာလ အတွင်း ဆေးဝါးများ၊ ကာကွယ် ဆေးနှင့် ဆေးပစ္စည်းများ    ရရှိ စေရန်  အိန္ဒိယနိုင်ငံ၏   ဆေးဝါး ကွပ်ကဲရေး ဆောင်ရွက်ချက်များ၊ ဖြေလျှော့မှုများ၊     စမ်းသပ်ချက် များ၊ အထူးအရှိန်မြှင့် စိစစ်ခွင့်ပြု ချက်များနှင့်       ပတ်သက်၍  ပြောကြားသည်။ 

 


ယင်းနောက် အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်   အိန္ဒိယ၊  တရုတ်၊ ရုရှား၊ ကာဇက်စတန်၊  ကာဂျစ်၊ ပါကစ္စ တန်၊   တာဂျီကစ္စတန်၊  ဥဇဘက် ကစ္စတန်နိုင်ငံများ၏    ဆေးဝါး ကွပ်ကဲရေးဆိုင်ရာ  ပညာရှင်များ က အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူ နိုင်ငံများအကြား ဆေးဝါးကွပ်ကဲ ရေးနယ်ပယ်တွင်     အပြန်အလှန် ပူးပေါင်း   ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  ကိစ္စများနှင့် ပတ်သက်၍   ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်