
နေပြည်တော် ဇန်နဝါရီ ၅
ရင်းနှီးမြှုပ်နှံသူများ အတွက် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ် (DICA Online Solu-tion - DOSo) ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။
ဝိုင်းဝန်းကူညီ
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လျက်ရှိကြသည့် ရင်းနှီး မြှုပ်နှံသူများက သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ တာဝန်ရှိသူ များနှင့် ဆွေးနွေးမေးမြန်း၍ အကြံ ဉာဏ်ယူခြင်းနှင့် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ အကူအညီ ရယူလိုသည့် ကိစ္စများအတွက် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံလို သည့် ပြည်တွင်း၊ ပြည်ပမှ စီးပွား ရေးလုပ်ငန်းရှင်များက သိလိုသည် များကို စုံစမ်းမေးမြန်းမှုများကို လည်းကောင်း လူကိုယ်တိုင် လာရောက်စရာမလိုဘဲ အွန်လိုင်း မှတစ်ဆင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားသည့် ဝန်ဆောင်မှုစနစ် (DICA Online Solution - DOSo) ကို အကောင် အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ရာ အဆိုပါ DOSo စနစ် ထိရောက်အောင်မြင်စွာ ဆောင် ရွက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြရန် ပြောကြားသည်။
ညှိနှိုင်းဆွေးနွေး
ဆက်လက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် မိမိ ကဏ္ဍနယ်ပယ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရေး အတွက် ညှိနှိုင်းဆွေးနွေးကြသည်။
ရှင်းလင်းတင်ပြ
အစည်းအဝေးတွင် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ညွှန်ကြား ရေးမှူး ဒေါက်တာဝဏ္ဏအောင်က DOSo စနစ်အား ရှင်းလင်းတင်ပြ ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေး မေးမြန်း၍ အကြံပြုကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့ အစည်းများမှ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်