
နေပြည်တော် ဖေဖော်ဝါရီ ၂၆
ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အသင်းအဖွဲ့ စိတ်ဓာတ်ပိုမို ရရှိစေရန်ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ တတိယအကြိမ် ထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ အဆိုပါဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန များမှ ဝန်ထမ်းများပါဝင်သည့် ပြိုင်ပွဲဝင်အဖွဲ့သုံးဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ဆုများချီးမြှင့်
အဆိုပါ ထမနဲပြိုင်ပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အားပေးစကားပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် အနိုင်ရရှိ သော အဖွဲ့များကို ဆုများချီးမြှင့်သည်။ သတင်းစဉ်