ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး ဆက်စပ်ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရမည်

 

တောင်ကြီး    သြဂုတ်   ၃၀


ရှမ်းပြည်နယ်      ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏  (၃/၂၀၂၂)  ကြိမ် မြောက် အစည်းအဝေးကို သြဂုတ် ၃၀ ရက် နံနက်   ၁၀  နာရီခွဲက တောင်ကြီးမြို့    ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ရှမ်းပြည်နယ်  ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ်     ဒေါက်တာကျော်ထွန်းက ယနေ့       အစည်းအဝေးတွင် အတည်ပြုမိန့် လျှောက်ထားလွှာ တင်ပြထားခြင်း   မရှိသေးသော် လည်း         မြန်မာရွှေဧရာကုမ္ပဏီ လီမိတက်က   အတည်ပြုမိန့် ပြင်ဆင်ခွင့်ပြုပါရန်   တင်ပြလာ သည့်အပေါ် မြန်မာရွှေဧရာကုမ္ပဏီ လီမိတက်၏  အတည်ပြုမိန့်တွင် မြေဧက        ပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကို    ကော်မတီ အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်း ဆွေးနွေးပေးကြရန်   ပြောကြား လိုကြောင်း၊   ရှမ်းပြည်နယ်သည် တည်ငြိမ်အေးချမ်းမှု  ရှိနေပြီး ရေ၊ မြေ၊  ရာသီဥတု ကောင်းမွန်သော ကြောင့်   ရင်းနှီးမြှုပ်နှံမှု  လုပ်ငန်း များ    ပိုမိုဝင်ရောက်နိုင်ရေးနှင့် အလုပ်အကိုင်  အခွင့်အလမ်းများ ရရှိစေရေးတို့အတွက်  ကြိုးပမ်း ဆောင်ရွက်ရမည်   ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု    လုပ်ငန်းများကို လွယ်ကူချောမွေ့         စေရေးနှင့် လွယ်ကူလျင်မြန်စေရေး ဆက်စပ် ဌာနဆိုင်ရာများ       အနေဖြင့် ပူးပေါင်း   ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လက်ရှိ လုပ်ကိုင်နေ ကြသည့်  ရင်းနှီးမြှုပ်နှံမှု  လုပ်ငန်း များကိုလည်း        လုပ်ငန်းများ လွယ်ကူချောမွေ့     စေရန်နှင့် လုပ်ငန်းစနစ်တကျ သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ အောင်အောင်မြင်မြင် ဖြစ်စေရန် ဌာနဆိုင်ရာအားလုံးက  ဝိုင်းဝန်း ထိန်းကျောင်း  ကူညီဆောင်ရွက် ပေးကြရန် ပြောကြားသည်။

 


ဆက်လက်၍  ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်း ရေးမှူး ဦးလေးနိုင်က Myanmar Shwe   Ayeyar  Co.;Ltd   ၏ အတည်ပြုမိန့် ပြင်ဆင်ခွင့် တင်ပြ လာခြင်းအပေါ် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော  ကော်မတီ အဖွဲ့ဝင်များမှ  ဝိုင်းဝန်းဆွေးနွေး ကြကာ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံ မှုကော်မတီဥက္ကဋ္ဌ              ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က  ကော်မတီများ၏  ဆွေးနွေး တင်ပြချက်အပေါ်  လိုအပ်သည် များ         ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကား      ပြောကြားခဲ့ ကြောင်း သိရသည်။

 


ရှမ်းပြည်နယ်  ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့်   နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု  လုပ်ငန်း  ငါးခု ရင်းနှီးမြှုပ်နှံမှု           ပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၀ သန်းကို ခွင့်ပြုပေးထားပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၃  ခု  ရင်းနှီးမြှုပ်နှံမှု   ပမာဏ အမေရိကန်   ဒေါ်လာ   ၆ ဒသမ ၉၀၄ သန်း အပါအဝင် ကျပ်သန်း ၃၁၆၂ ဒသမ ၇၅ ကို ခွင့်ပြုပေးထား ခဲ့ပြီး    အဆိုပါလုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း     အလုပ် အကိုင်  အခွင့်အလမ်းအနေဖြင့် ပြည်တွင်း ၉၉၄ ဦးနှင့် ပြည်ပ ၅၃ ဦးကို  ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)