ရင်းနှီးမြှုပ်နှံမှုဗဟုသုတ

 

u    နိုင်ငံသားနဲ့ နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီအဖြစ် မှတ်ပုံတင်တဲ့ အခါ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေနဲ့ သက်ဆိုင်တဲ့ရှယ်ယာ ခွဲဝေပုံ (ဒါမှမဟုတ်) ရာခိုင်နှုန်းအချိုးနဲ့ စပ်လျဉ်းပြီး ပြဋ္ဌာန်း ချက်တွေရှိပါသလား။

 


u    မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ သူတွေအကြားမှာ အကျိုးတူဖက်စပ်ကုမ္ပဏီတည်ထောင်တဲ့ အခါ ရှယ်ယာခွဲဝေပုံနဲ့ ပတ်သက်ပြီး DICA ကနေ သတ်မှတ် ထားခြင်း မရှိပါဘူး။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ပုဒ်မ ၂၂ အရ ဖက်စပ်လုပ်ငန်းတစ်ခုမှာတော့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူအနေနဲ့   အနည်းဆုံးတိုက်ရိုက်အစုရှယ်ယာ သို့မဟုတ် အကျိုးစီးပွားအချိုးကို ၂၀ ရာခိုင်နှုန်း ထည့်ဝင်ရမယ် လို့ ဖော်ပြထားပါတယ်။  အကျိုးတူ  ဖက်စပ်ကုမ္ပဏီတွေ အတွက် ခွင့်ပြုရှယ်ယာ ခွဲဝေပုံအချိုးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို သိရှိလိုတယ်ဆိုရင် DICA ရဲ့ ဌာနခွဲ တစ်ခုဖြစ်တဲ့ ကုမ္ပဏီရေးရာဌာနခွဲသို့ လူကိုယ်တိုင်လာရောက် ၍ ဖြစ်စေ၊ core.gov.mm@gmail.com သို့ဖြစ်စေ အီးမေးလ် ပေးပို့ပြီးဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 


u    အများနဲ့ မသက်ဆိုင်တဲ့ကုမ္ပဏီ၊ အများနဲ့ သက်ဆိုင်တဲ့ကုမ္ပဏီ တွေမှာ ထားရှိရမယ့် ရှယ်ယာရှင်အနည်းဆုံးနဲ့  အများဆုံး အရေအတွက်တွေကို သိလိုပါတယ်။

 


u    ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုမှာ ရှယ်ယာလွှဲပြောင်းရောင်းချမှုက အကန့်အသတ်ရှိပြီး ရှယ်ယာရှင်အရေအတွက်မှာ အနည်းဆုံး တစ်ယောက်ကနေ အများဆုံး အယောက် ၅ဝ အထိ ထားရှိ နိုင်ပါတယ်။ အများနဲ့သက်ဆိုင်သောကုမ္ပဏီမှာတော့ ရှယ်ယာရှင် အနည်းဆုံး တစ်ဦး  ထားရှိဖို့လိုအပ်ပြီး   အများဆုံးဦးရေ သတ်မှတ်ချက်တော့ မရှိကြောင်း သိရှိရပါတယ်။

 


u    ကုမ္ပဏီတွေမှာ  မှတ်ပုံတင်ပြီးနောက်    ချက်ချင်းလုပ်ငန်း လည်ပတ်တာတွေကို စတင်လုပ်ဆောင်လို့ရပါသလား။

 


u    လုပ်ငန်းနဲ့ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေကနေ လုပ်ငန်းလိုင်စင် ရရှိဖို့ လိုအပ်တဲ့ကုမ္ပဏီတွေကလွဲပြီး ပုဂ္ဂလိကကုမ္ပဏီတွေဟာ ကုမ္ပဏီဖွဲ့စည်းခွင့် အသိအမှတ်ပြုလက်မှတ် ရရှိပြီးတဲ့နောက် လုပ်ငန်းလည်ပတ်မှုတွေကို   ချက်ချင်းစတင်ဆောင်ရွက်လို့ ရပါတယ်။ အများနဲ့သက်ဆိုင်တဲ့   ကုမ္ပဏီမှာတော့  လုပ်ငန်း လည်ပတ်မှုတွေ မဆောင်ရွက်ခင် လုပ်ငန်းစတင်ဆောင်ရွက်ခွင့် ရရှိဖို့ အလားအလာညွှန်းတမ်းအစား ကုမ္ပဏီလုပ်ငန်းဖော်ပြ ချက်တစ်စောင် တင်ပြရမှာဖြစ်ပါတယ်။ ထိုလက်မှတ်ရရှိမှသာ လုပ်ငန်းစတင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အလား အလာညွှန်းတမ်း တင်ပြပြီးမှ အများပြည်သူကို အစုရှယ်ယာ တွေ ဖိတ်ခေါ်နိုင်မှာ ဖြစ်ပါတယ်။


(ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အချက်အလက်များရယူပါသည်)