ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်ထားသည့် မြန်မာ

Type
1

 

ဝဏ္ဏ (TGI)

 

ဖိုရမ်သို့ တက်ရောက်လာသည့် အကြီးအကဲများနှင့် ကိုယ်စားလှယ်များသည် အကြီးအကဲ၏ ဆက်လက် ဆွေးနွေးမှုအပေါ် စိတ်ပါဝင်စားစွာ နားစွင့်နေကြ သည်။   ဆွေးနွေးမည့်   ခေါင်းစဉ်အရ  ပထမအပိုင်း ဖြစ်သည့် စားနပ်ရိက္ခာလုံခြုံရေး(Food Security)ကဏ္ဍတွင်   မြန်မာနိုင်ငံ၏  အရေးပါမှုအကြောင်း ဆွေးနွေးမှုကို    ကြားသိခဲ့ရပြီးဖြစ်သည်။  ဒုတိယ အပိုင်းတွင် မည်သို့ဆွေးနွေးမည်နည်း။ ရင်းနှီးမြှုပ်နှံ မှုအတွက် အခွင့်အလမ်းကောင်းများတွင် မည်သို့ သော အကြောင်းအရာများပါဝင်မည်နည်း။ မည်သို့ သော ဆွဲဆောင်နိုင်မည့် အခွင့်အလမ်းများပေါ်လာ မည်နည်း။ မည်သူတို့ကို ရည်ညွှန်း၍ မည်သူတို့၏ ရပိုင်ခွင့်ကို ဖော်ဆောင်မည်နည်းကို စိတ်ဝင်စား ကြသည်။ ခေတ်၏ပြောင်းလဲမှုအရ ဘက်တစ်ဖက် တည်းကသာ အသာရသည့် စီးပွားရေးစနစ်မဟုတ် ကြောင်း   မည်သို့ဆွေးနွေးမည်လဲကို   နားစွင့်ကြ သည်။

 


ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍကို ထည့်သွင်းဆွေးနွေး


ဆွေးနွေးမှုခေါင်းစဉ်၏    ဒုတိယပိုင်းအဖြစ် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ အတွက် အကြီးအကဲ၏ ဆက်လက်ဆွေးနွေးမှုတွင် အမိမြန်မာပြည်အတွက်  ဂုဏ်ယူဝင့်ကြွားဟန်ကို ပိုမိုမြင်တွေ့ရသည်။ သဘာဝသယံဇာတပေါကြွယ်ဝ သည့်    နိုင်ငံ၏   အကြီးအကဲဖြစ်သည့်အတွက် ဆွေးနွေးမှုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍကို ထည့်သွင်းဆွေးနွေးသည်။ မြန်မာနိုင်ငံ၏ ကမ်းလွန် ရေနံလုပ်ကွက် ၅၁ ကွက်အနက် လုပ်ကွက် ၈ ကွက် တွင် သဘာဝဓာတ်ငွေ့များ တွေ့ရှိထုတ်လုပ်ကာ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချနေမှုကို စတင် ဆွေးနွေးသည်။   လက်ရှိကာလတွင်  ဘင်္ဂလား ပင်လယ်အော်အတွင်း    သဘာဝဓာတ်ငွေ့   ၂ ထရီလီယံကုဗပေကျော်တွေ့ရှိပြီး မကြာမီ စီးပွား ဖြစ်ထုတ်ယူနိုင်တော့မည့်အခြေအနေ၊ အလားတူ ၎င်းထက်ပိုမိုကြီးမားသည့် ဓာတ်ငွေ့သိုက်တစ်ခုကို တူးဖော်နိုင်တော့မည့်    အလားအလာကောင်း တွေ့ရှိရမှုအခြေအနေတို့ကို ထုတ်ဖော်ပြောဆိုရင်း နောင်လာမည့် သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့ကို အခြေခံသည့် စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမည် ဖြစ်၍    ရင်းနှီးမြှုပ်နှံလိုသူများကို  ဖိတ်ခေါ်သည်။ အလားတူ မရှာဖွေ၊ မဖော်ထုတ်ရသေးသည့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကြေးနီ၊ သံ၊ ခဲမဖြူ စသည့် သတ္တု လုပ်ငန်းများတွင်ပါ လာရောက်လုပ်ကိုင်နိုင်ကြောင်း ကို ဖိတ်ခေါ်ကမ်းလှမ်းသည်။

 


ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်


အမိမြန်မာနိုင်ငံသည်    သဘာဝသယံဇာတ ပေါကြွယ်ဝသည့်     နိုင်ငံဖြစ်သည်မှာ    ပကတိ အရှိတရားဖြစ်သည်။    ကိုယ့်ထီး၊   ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့်  လွတ်လပ်သည့်  နိုင်ငံဖြစ်သည့် အပြင် စီးပွားရေးစနစ်ကိုလည်း ဈေးကွက်စီးပွားရေး စနစ်ဖြင့်   ဆောင်ရွက်နေသည်။  ထိုသို့  နေထိုင် လုပ်ကိုင်နေသော်လည်း အချို့အနောက်နိုင်ငံကြီး များမှ  ၎င်းတို့နှင့်  အမြင်မတူရုံ၊  ၎င်းတို့အကျိုး အတွက်  ၎င်းတို့ဖြစ်စေလိုသည့်  နိုင်ငံရေးအခင်း အကျင်း မဖြစ်ရုံမျှဖြင့် ပိတ်ဆို့ခြင်း၊ တားမြစ်ခြင်း တို့ကို   လက်နက်သဖွယ်   အသုံးချလေ့ရှိသည်။ သို့သော်   မြန်မာဟူသောနိုင်ငံသည်    ထီးတည်း ရပ်တည်သောနိုင်ငံမဟုတ်၊ အမျိုးအဆွေမည်သော မိတ်ဖက်နိုင်ငံများ၊   မိတ်ဆွေမည်သောနိုင်ငံများ များပြားစွာရှိသည်ကို   မေ့လျော့နေဟန်ရှိသည်။ မြန်မာနိုင်ငံ၏    မဟာမိတ်သဖွယ်၊  မိတ်ကောင်း ဆွေကောင်းသဖွယ်       နိုင်ငံများအား   ယခုလို ကမ်းလှမ်းမှုအပေါ်    မည်သို့ဆိုလေဦးမည်မသိ။ မည်သို့   နှောင့်ယှက်ဖျက်ဆီးဦးမည်ကို  မဆိုနိုင်၊ မည်သို့ဆိုစေကာမူ မြန်မာနိုင်ငံသည်ကား မိမိနိုင်ငံ အမျိုးသားအကျိုးစီးပွားအတွက်     လုပ်ဆောင် သင့်သည်များကို   လုပ်ဆောင်နေသည်ကို  အကြီး အကဲ၏ ဆွေးနွေးမှုတွင် သိသာနေသည်။

 


စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်


အကြီးအကဲ၏    ဆက်လက်ဆွေးနွေးမှုတွင် ရုရှားနှင့်    မြန်မာနှစ်နိုင်ငံကြား   အပြန်အလှန် ကူးသန်းရောင်းဝယ်နေမှုများပါသည်။ မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်း များ တင်ပို့လျက်ရှိပြီး ရုရှားမှ မြန်မာသို့ ဓာတ်မြေ ဩဇာ၊    စက်သုံးဆီနှင့်   ရေနံထွက်ပစ္စည်းများ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယခုထက် ပိုမိုတိုးမြှင့်နိုင်ပါက နှစ်နိုင်ငံအတွက် အကျိုးစီးပွားပိုမိုဖြစ်ထွန်းလာနိုင်မည်ကို      သုံးသပ်ဆွေးနွေး ပြောကြားသည်။      ၎င်းအပြင်     ယခုဖိုရမ်သို့  တက်ရောက်လာသည့်       ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်       ဖိတ်ခေါ်မှုပြုသည်။ လုပ်ဆောင်နိုင်သည့်     စီးပွားရေးလုပ်ငန်းများမှာ အနည်းငယ်မျှသော           အရေအတွက်မဟုတ်၊
နယ်ပယ်စုံ၊  ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်းနှင့် အခြားပြည်ပကုန်သွယ်ရေးအတွက် အခွင့်အလမ်းများစွာကို ပေးအပ်နိုင်စွမ်းရှိကြောင်း ကိုလည်း ထည့်သွင်းဆွေးနွေးသည်။ များပြားလှစွာ သော စီးပွားရေးကဏ္ဍများနှင့် ပြည်ပကုန်သွယ်ရေး အတွက် ဆွေးနွေးပြောကြားမှုတွင် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှု သည်။ အလားတူ အာမခံချက်အဖြစ် အခွင့်အလမ်း များစွာကို  ပေးအပ်နိုင်စွမ်းရှိသည်ဟု  တည်ကြည် သော စကားကိုဆိုသည်။ မလိုသူများ၏ နည်းမျိုးစုံ သော ထိုးနှက်မှုကြားတွင် အကြီးအကဲက ဖိုရမ်သို့ တက်ရောက်လာသူများကို သက်သေပြု၍ အာမခံ စကားဖြင့် ဆိုခြင်းသည်ပင် မြန်မာဟူသော ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ခြင်းဟု ဆိုနိုင်သည်။

 


အကြံပြုသုံးသပ်ဆွေးနွေး


ဆက်လက်ဆွေးနွေးမှုတွင် ယခုကျင်းပပြုလုပ် သည့် Eastern   Economic  Forum- 2022 ၏ ပူးပေါင်းဆောင်ရွက်မှုများသည် ယူရေးရှားဒေသ တွင်း   နိုင်ငံများနှင့်  ဆက်ဆံရေးပိုမိုကောင်းမွန် လာစေရန်   ပံ့ပိုးပေးလျက်ရှိမှု၊  ဒေသတွင်း  အပြန် အလှန် ထိတွေ့ဆက်ဆံဆက်သွယ်မှုယန္တရားများရှိလာစေပြီး နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အရှေ့ပိုင်းဒေသအား အနောက်နိုင်ငံများ၏ လွှမ်းမိုး မှုကို တွန်းလှန်နိုင်မည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးသည်။ အာရှဒေသတွင်း နိုင်ငံ များ၏ ဆက်ဆံရေးကောင်း မွန်ခိုင်မာလာသည်နှင့် အမျှ မြောက်ပိုင်းမှ တောင်ပိုင်းသို့ ဆက်သွယ်သော နိုင်ငံတကာ  သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခု(International North South Transport Corridor-INSTC)  ကို   ဖော်ဆောင်လာနိုင်မည်။ ၎င်းမှတစ်ဆင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ထွန်းကားလာကာ အာရှ-ပစိဖိတ်ဒေသ ပထဝီနိုင်ငံ ရေး တည်ငြိမ်ခိုင်မာလာကာ အားကောင်းလာနိုင် မည် စသည့်အကြောင်းအရာများကိုလည်း သုံးသပ် ဆွေးနွေးသည်။ အာရှဒေသတွင်း အင်အားတောင့် တင်းခိုင်မာသည့်   တရုတ်၊   အိန္ဒိယ  အစရှိသည့် ဆက်ဆံရေးကို ထူထောင်ထားခြင်းအားဖြင့် မိမိတို့ မြန်မာနိုင်ငံအပါအဝင်   အာရှဒေသနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရာရောက်နိုင်ကြောင်းကို လည်း အကြံပြုသုံးသပ်ဆွေးနွေးသည်။ အကြီးအကဲ အနေဖြင့်  စည်းလုံးခြင်းသည်   အင်အားဟူသည့် ဆိုရိုးစကားနှင့်အညီ   ဒေသတွင်း   စည်းလုံးမှုကို ဖြစ်စေလိုဟန်ရှိသည်။     စည်းလုံးမှုမရှိပါလျှင် အနောက်နိုင်ငံကြီးအချို့၏   နိုင်ငံရေး၊  စီးပွားရေး၊ စစ်ရေး စသည့်နယ်ပယ်အစုံမှ အင်အားတိုးချဲ့လာမှု၊ ဖိအားပေးခြိမ်းခြောက်မှုတို့ကို   ခံရနိုင်သည်ကို အကြီးအကဲက ထောက်ပြသုံးသပ်ဆွေးနွေးခြင်းဟု ဆိုရမည်ဖြစ်သည်။     

 


အဓိကအခန်းကဏ္ဍ၌ရှိနေ


အာရှ-ပစိဖိတ်ဒေသသည် မျက်မှောက်ကာလ တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ရင်းနှီးမြှုပ်နှံရန်      သင့်လျော်သည့်ဒေသအဖြစ် တွေ့မြင်ရမှုအခြေအနေ၊ အာဆီယံအဖွဲ့သည်လည်း အာရှ  -   ပစိဖိတ်ဒေသတွင်း  အချက်အချာကျစွာ တည်ရှိနေမှုအရ ဒေသတွင်း သံတမန်ဆက်ဆံရေး နှင့်   စီးပွားရေးဆိုင်ရာ  ဆွေးနွေးပွဲများကိုလည်း ဦးဆောင်နိုင်သည့်   အနေအထားတွင်ရှိနေသည့် အခြေအနေများကိုလည်း   ထည့်သွင်းဆွေးနွေး သည်။ ၎င်းအပြင် အာဆီယံအနေဖြင့် လက်ရှိကာလ တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ ကြားတွင် ရှိနေမှု၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးကဏ္ဍ များတွင်    အဓိကအခန်းကဏ္ဍ၌ရှိနေပြီး  ကမ္ဘာ့ ကုန်သွယ်ရေးလမ်းကြောင်းများ    ဖြတ်သန်းမှုအရ အာဆီယံ၏ ဗဟိုချက်မကျမှု(ASEAN Centrality)ကို အထင်အရှားမြင်တွေ့ရမှု အခြေအနေကိုလည်း သုံးသပ်ဆွေးနွေးသည်။   ဆွေးနွေးမှုတွင်  ကမ္ဘာ့ အင်အားကြီးနိုင်ငံများ၏    အားပြိုင်မှုကြားတွင် ရှိနေသည်ဟူသည့် ဆွေးနွေးချက်မှာ အလေးအနက် ထားရမည့်   ကိစ္စတစ်ရပ်ဖြစ်သည်ဟု  ထင်မြင်မိ သည်။  အာဆီယံဒေသတွင်း    အစည်းအဝေးများ ရှိသည့် ကာလ၊ အရေးကြီးဆုံးဖြတ်ချက်များ ချမှတ် ရန် စီမံနေသည့်ကာလများတွင်  အနောက်နိုင်ငံကြီး အချို့၏    သံတမန်များရောက်ရှိလာမှု၊  ၎င်းတို့ မလာရောက်မီ  ဒေသတွင်းနိုင်ငံများ၏  ကြိုတင် ဆွေးနွေးမှု၊ ထုတ်ဖော်ပြောဆိုမှုများသည် ၎င်းတို့ လာရောက်ပြီးချိန်တွင်      ပြောင်းပြန်ဖြစ်သည့် အနေအထားသို့   ပြောင်းလဲသွားမှုများမှာ   ဂရုပြု ရမည့်အချက်များပင်ဖြစ်သည်။

 


တစ်ချက်ခုတ် နှစ်ချက်ပြတ်သည့်ဆွေးနွေးမှု


အကြီးအကဲက ဆက်လက်ဆွေးနွေးရာတွင် အာဆီယံဒေသမှ ရုရှားနိုင်ငံအလယ်ပိုင်းသို့ အနီးဆုံး ကုန်းလမ်းကြောင်းတစ်ခုနှင့်     အာဆီယံဒေသမှ တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသနှင့် အလယ် အာရှတို့မှတစ်ဆင့် ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုတို့ မဖြစ်မနေလိုအပ်မှု၊    တရုတ်နိုင်ငံမှ ဆောင်ရွက်နေသည့် Belt and Road Initiative (BRI)နှင့် ပေါင်းစပ်ဆောင်ရွက်နိုင်မှုတို့ကိုလည်း ဆက်စပ်သုံးသပ်ကာ ဆွေးနွေးသည်။ တရုတ်၊ ရုရှား စသည့်နိုင်ငံများ၏ အကျိုးစီးပွားအတွက်သာမက အာဆီယံဒေသတွင်း နိုင်ငံများအတွက်ပါ ဆွေးနွေးမှု ဖြစ်၍ တစ်ချက်ခုတ် နှစ်ချက်ပြတ်သည့်ဆွေးနွေးမှုဟု ဆိုရမည်ဖြစ်သည်။

 

 
မြန်မာပြည်၏ ပကတိဖြစ်တည်မှု


အာဆီယံဒေသတွင်း ကိစ္စရပ်များကို ဆွေးနွေး အပြီးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာ နိုင်ငံ၏ ပထဝီအနေအထားအရ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အနောက်ဥရောပနှင့် အာရှအရှေ့ပိုင်း ဒေသများသို့   ကူးလူးဆက်သွယ်ရာတွင်  အဓိက ကျသောနေရာတွင်    တည်ရှိနေမှုကို   ရှင်းလင်း ဆွေးနွေးသည်။   သဘာဝတောတောင်၊  ရေ၊  မြေ အလှများသာ စုစည်းရုံမဟုတ် ဒေသတွင်းကုန်သွယ် ရေး၊ ကူးလူးဆက်သွယ်ရေးတို့တွင်လည်း အချက် အချာကျစွာ တည်ရှိနေသည်ကပင် မြန်မာပြည်၏ ပကတိဖြစ်တည်မှုပင်ဖြစ်သည်။ ဤအတွက်လည်း အကြီးအကဲက ဆွေးနွေးမှုတွင် ဂုဏ်ယူမှုအပြည့် ဖြင့် ဆွေးနွေးခြင်းဟု ထင်မြင်မိသည်။

 


အကျိုးကျေးဇူးများကို  ရရှိုနိုင်


ထိုသို့သော အလှတရားသာ ပြည့်စုံသည်မဟုတ်၊ လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများအတွက် အဆင်ပြေချောမွေ့စေရေး လိုအပ် သည့် ဥပဒေများပြဋ္ဌာန်း၍ ဆောင်ရွက်ပေးလျက် ရှိမှုကို   ထည့်သွင်းဆွေးနွေးခြင်းဖြင့်  အလှတွင် အယဉ်ဆင့်မှုကို ဖော်ကျူးသည်။ ပထဝီအနေအထား အရ အချက်အချာကျမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များအတွက် လိုအပ်သည့် ဥပဒေများပြဋ္ဌာန်းပေးမှု တို့ဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများအတွက် အကျိုး အမြတ်ရရှိနိုင်မှု၊    ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေး (Food Security) အတွက်  အထောက်အကူပြုမှု စသည်အကျိုးကျေးဇူးများကို     ရရှိုနိုင်ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြရန်      ဖိတ်ကြားအပ်ပါကြောင်း ပြောကြားရင်း ဆွေးနွေးမှုကို နိဂုံးချုပ်သည်။

 


ဖိုရမ်သို့ တက်ရောက်လာသည့် နိုင်ငံ့အကြီး အကဲများနှင့် ကိုယ်စားလှယ်များ ဩဘာလက်ခုပ် များ တီးကြသည်။ ကိုယ်စားလှယ်များမှာ စီးပွားရေး နှင့်  ဆက်စပ်သည့်   ဝန်ကြီးဌာနတာဝန်ရှိသူများ၊ နိုင်ငံအလိုက်  စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် အတွက် အကြီးအကဲ၏ ဒုတိယအပိုင်းဆွေးနွေးမှုကို ပိုမိုစူးစိုက်ကြသည်။   စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် လုပ်ကိုင်ရင်းနှီးမြှုပ်နှံပါက ဖြစ်ပေါ် တိုးတက်လာနိုင်မည့် အလားအလာကို တွက်ဆကြ သည်။ လိုအပ်လာမည့် စွမ်းအင်အရင်းအမြစ်အတွက် လည်း အခြေအနေကောင်းများကို အချိန်တိုအတွင်း ရရှိနိုင်မှုရှိနေသကဲ့သို့ အခြားကူးသန်းရောင်းဝယ်မှု အတွက်လည်း ပထဝီအနေအထားအရ ကောင်းမွန် လှသည်မို့  သူတို့စိတ်ပါဝင်စားမှုက  ပိုမိုသည်မှာ မဆန်းလှ။

 


ရလဒ်ကောင်းသို့သာဦးတည်


အကြီးအကဲ၏ ဆွေးနွေးမှုအပြီးတွင် အခမ်း အနားမှူးက သိရှိလိုသည်များကို မေးမြန်း၍ အကြီး အကဲက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ အမေး စကားအပေါ်     အကြီးအကဲ၏   အဖြေစကားက ကျေနပ်ဖွယ်ဖြစ်စေရန် တိတိကျကျ ပြည့်ပြည့်စုံစုံ ဖြေကြားသည်။  ပကတိအရှိတရားကို  ကြိုတင် ပြင်ဆင်ထားမှုဖြင့် ပြောကြားခြင်းဖြစ်၍ ချောချော မွေ့မွေ့သာ။  အမေး အဖြေပြုလုပ်အပြီးတွင်  ရုရှား ဖက်ဒရေးရှင်းသမ္မတ H.E. Vladimir Vladimirovich Putin က ဖြည့်စွက်ဆွေးနွေးသည့် အပြုသဘော ဆောင်သည့် ချဉ်းကပ်ဆွေးနွေးမှုမှာလည်း ရလဒ် ကောင်းသို့သာ ဦးတည်သည်။

 


ထို့နောက်   တက်ရောက်လာသည့်  အာမေး နီးယားနိုင်ငံဝန်ကြီးချုပ်၊ မွန်ဂိုးလီးယားနိုင်ငံဝန်ကြီး ချုပ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ ကွန်ဂရက်ဥက္ကဋ္ဌတို့က သက်ဆိုင်ရာခေါင်းစဉ်များအလိုက်ဆွေးနွေးခြင်း၊ အရှေ့ဖျားဒေသ၏ ဖွံ့ဖြိုး တိုးတက်မှုနှင့် အာရှ-ပစိဖိတ်နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှု  အခြေအနေများကို  ဆွေးနွေးခြင်း၊ အခမ်းအနားမှူးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ တို့က ပြန်လည်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက် သည်။ တက်ရောက်လာသည့် သက်ဆိုင်ရာနိုင်ငံ အလိုက် ဆွေးနွေးမှုများအပြင် အိန္ဒိယနိုင်ငံဝန်ကြီး ချုပ် H.E. Norendra Modi ၊ မလေးရှားနိုင်ငံ ဝန်ကြီး ချုပ် H.E. Ismail Sabri Yaakob နှင့် ဗီယက်နမ် ဝန်ကြီးချုပ် H.E. Plam Minh Chinh တို့ကလည်း Video Message များဖြင့် ပါဝင်ဆွေးနွေးကြသည်။ ဆွေးနွေးသည့်အကြောင်းအရာနှင့် ခေါင်းစဉ်များ မတူညီသည့်တိုင် စည်းလုံးခြင်းကို ရှေးရှုကြသည့် အချက်များမှာတော့ တူညီသည်။

 


ဆွေးနွေးမှုများအပြီးတွင်   ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၏ သမ္မတ H.E. Vladimir Vladimirovich Putin ကို အခမ်းအနားမှူးက လက်ရှိကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏ ရပ်တည်ချက်များကို မေးမြန်း ၍     ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကလည်း အကြောင်းတစ်ခုချင်းစီအလိုက် ပြန်လည်ဖြေကြား သည်။   ဖြေကြားမှုများအပြီးတွင်   တက်ရောက် လာသည့်  နိုင်ငံ့အကြီးအကဲများကို   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းသည်။

 


(၇) ကြိမ်မြောက်     အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern  Economic Forum-2022)၏ မျက်နှာစုံညီအစည်းအဝေး  Plenary Session  ကမူ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ အစည်း အဝေးအရ ပြီးမြောက်ခြင်း၏ရလဒ်က မြန်မာနိုင်ငံ အတွက် မည်သို့အကျိုးဖြစ်ထွန်းစေနိုင်သည်လဲကို မှန်းဆကြည့်ရုံဖြင့်ပင်    မြင်သာသည်။  အမြင်၊ အကြားအားဖြင့် သိရှိလိုက်ရသော  အကြီးအကဲများ ၏ ဆွေးနွေးချက်များတွင် နိုင်ငံ၏အနာဂတ်အတွက် အဖြေက   ပြည့်စုံစွာပါနေသည်။  အကြီးအကဲ၏ ဆွေးနွေးချက်၊  ရုရှားနိုင်ငံအပါအဝင် တက်ရောက် လာသည့် နိုင်ငံ့အကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက် မှုများသည်  အများမြင်သာသည့် အခြေအနေပင် ဖြစ်သည်။   အမိမြန်မာပြည်၏  ရှေ့ရေးသည်  ယခု ဖိုရမ်မှအစပြု၍ ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်း၊ စီးပွား ရေးအရ ကောင်းမွန်ခြင်း စသည့်မင်္ဂလာမည်သည့် ကောင်းခြင်းများသာ ရရှိလာတော့မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။          ။