ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

တောင်ကြီး    စက်တင်ဘာ    ၂၀


၂၀၂၂ ခုနှစ် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား အသက် (၁၆)နှစ်အောက်   အမျိုးသားဘောလုံးပြိုင်ပွဲတွင် တောင်ကြီးမြို့နယ်အသင်းက ဆီဆိုင်မြို့နယ်အသင်း ကို အနိုင်ရရှိပြီး ဗိုလ်စွဲသွားကြောင်း သိရသည်။ 

 


အဆိုပါ    ဘောလုံးပြိုင်ပွဲ   ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌    ကျင်းပခဲ့ပြီး   ရှမ်း ပြည်နယ်ဝန်ကြီးချုပ်     ဒေါက်တာ   ကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော်     တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်နှင့်     တာဝန်ရှိသူများ    တက်ရောက်ကြည့်ရှု အားပေးကြကာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ သည့် အသင်းများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေ များ ပေးခဲ့ကြသည်။

 


ဆုချီးမြှင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက တတိယဆုရရှိသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ    ဟိုပုံးမြို့နယ် အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ်နှစ်သိန်း ကို  လည်းကောင်း၊    ပြည်နယ်ဥပဒေချုပ်   ဦးစိုင်း ကျော်ဇံက   ဒုတိယဆုရရှိသည့်   ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အသင်းကို တစ်ဦး ချင်း ဆုတံဆိပ်နှင့် ငွေကျပ်သုံးသိန်းကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကအကောင်းဆုံး ဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ် တန်း အကောင်းဆုံးဆု၊ ရှေ့တန်း အကောင်းဆုံးဆုနှင့် အကောင်းဆုံး အားကစားသမားဆု ရရှိကြသူများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်    တရားသူကြီးချုပ်က ပထမဆုရရှိသော တောင်ကြီးမြို့နယ်အသင်းအား တစ်ဦးချင်း   ဆုတံဆိပ်များကို    လည်းကောင်း၊  ပြည်နယ်ဝန်ကြီးချုပ်က   ငွေသားကျပ်  ငါးသိန်းနှင့် ဆုဖလားတို့ကို    လည်းကောင်း   ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။                          

 သတင်းစဉ်