
ဟိုပုံး ဧပြီ ၁၆
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် ဝန်ကြီးများနှင့်ဇနီးများ၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး နှင့် တာဝန်ရှိသူများသည် ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ နံနက် ၉ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဟိုပုံးမြို့ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ မိသားစုလမ်းလျှောက် မဟာ သင်္ကြန်ပါဝင်ဆင်နွှဲပြီး ယိမ်းအက အဖွဲ့များ၊ Dancer အဖွဲ့များ၊ အမေများယိမ်းအဖွဲ့နှင့် အရာရှိ ဇနီးများ ယိမ်းအဖွဲ့တို့က ကပြ ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး အတာသင်္ကြန်မဏ္ဍပ်သို့ တက်ရောက်ချီးမြှင့်ပေးရာ ရှမ်းစာပေယဉ်ကျေးမှုယိမ်းအကအဖွဲ့၊ ဒေသခံယိမ်းအဖွဲ့များ နိုင်ငံကျော် အဆိုတော်များက တေးသံသာများ ဖြင့် ဖျော်ဖြေတင်ဆက်နေမှုကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပေး၍ သင်္ကြန် အတာရေများ ပက်ဖျန်းပေးခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ လွှတ်တော်ရုံးလမ်း ရှမ်းပြည်နယ် အစိုးရရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်သို့ တက်ရောက် ချီးမြှင့်အားပေးရာ နိုင်ငံကျော်အဆိုတော်များက တေး သံသာများဖြင့် ဖျော်ဖြေတင်ဆက် နေမှုကို ကြည့်ရှုအားပေး၍ ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။
အဆိုပါ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် တောင်ကြီးမြို့ နှင့် အင်းလေးရေပေါ်သင်္ကြန် မဏ္ဍပ်တွင် သင်္ကြန်အကြတ်၊ အတက်နေ့တွင်လည်း ယိမ်းအက အဖွဲ့များ၊ နိုင်ငံကျော်အဆိုတော် များက ဖျော်ဖြေတင်ဆက်ကြ၍ ဒေသခံပြည်သူများ အေးချမ်း ပျော်ရွှင်စွာဆင်နွှဲကြပြီး ပြည်နယ် ဝန်ကြီး ချုပ်နှင့် ဇနီး၊ ပြည်နယ် ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်သည်။
မောင်မောင်သန်း (တောင်ကြီး)