ကျိုင်းတုံ မေ ၁၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ယနေ့နံနက်ပိုင်းက ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် မိုင်းပျဉ်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မိုင်းပျဉ်းမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များကို တင်ပြရှင်းလင်းပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက မိုင်းပျဉ်းမြို့၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ၊ ပန်းတိုင် အထွက်နှုန်းတိုးတက်ရေးနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးနှင့် တန်းစဉ်ကူးပြောင်းရေးတို့ကို ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပန်းတိုင် အထွက်နှုန်းတိုးမြှင့်ရေး၊ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ MSME လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးမှာကြား၍ မိုင်းပျဉ်းမြို့ ပန်းဆန်းရပ်ကွက် မဟာဗန္ဓုလလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့်နေရာကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)