ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ဓာတ်မြေသြဇာ ထောက်ပံ့

 

တောင်ကြီး   ဇူလိုင်  ၂၂


ရှမ်းပြည်နယ်       ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊   ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်း လိတ်၊      ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး   ဦးစိုင်းသော်ဝင်း နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာ    တာဝန်ရှိသူများသည် ဇူလိုင်  ၂၂  ရက်က   တောင်ကြီး မြို့နယ်  မိုင်းသော်အရှေ့ကျေးရွာ အုပ်စု     မန်ကျည်းပင်ရွာတွင် မိုးစပါးပန်းတိုင်အထွက်နှုန်း   ရရှိ ရေးအတွက်    ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲသို့    တက် ရောက်ကြကြောင်း သိရသည်။


ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူ ဦးစိုးအောင်   စိုက်ပျိုးထားသော မိုးစပါးပန်းတိုင်         စံပြကွက် ကို      လှည့်လည်ကြည့်ရှုကြပြီး မိုင်းသော်အရှေ့ကျေးရွာအုပ်စုရှိ ကျေးရွာများမှ  တောင်သူများ အား ပြည်နယ်ဝန်ကြီးချုပ်(ယာပုံ)၊ ပြည်နယ်     သယံဇာတရေးရာ ဝန်ကြီး၊    ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများက ဓာတ်မြေသြဇာများ    ထောက်ပံ့ပေးအပ်သည်။


အဆိုပါ     မိုင်းသော်အရှေ့ ကျေးရွာအုပ်စု   မန်ကျည်းပင်ရွာ တွင်      မိုးစပါးစိုက်ပျိုးပြီးပါက ကြက်သွန်ဖြူ၊     ကြက်သွန်နီ၊ ပြောင်း၊ နေကြာနှင့်  အခြားသီးနှံ များကို စိုက်ပျိုးကြသည်။


ဆက်လက်၍    ပြည်နယ် ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများ သည် တောင်သူ ဦးဖိုချို စိုက်ပျိုး ထားသော   (808)  အစေ့ထုတ် ပြောင်းခြံကို     ကြည့်ရှုကြပြီး ကိုအိုက်ဆီး ချယ်ရီရှမ်းဆန်စက် နှင့်    ရွှေညောင်မြို့   လှိုင်ဘုံသာ ကျေးရွာရှိ    ဦးသောင်းကြည် ကြက်ခြံကို  သွားရောက်ကြည့်ရှု ရာ  မြို့နယ်မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ရှင်းလင်းတင်ပြကာ ပြည်နယ် ဝန်ကြီးချုပ်က     လိုအပ်သည် များ    ဖြည့်စွက်မှာကြားသည်။ ထို့နောက် ဥစားကြက်ခြံ၊  ကြက် သားပေါက် ကြက်ခြံနှင့် ခြံအတွင်း မွေးမြူထားသော ငါးခူ ကန်တို့ကို   လှည့်လည်ကြည့်ရှုသည်။


ယင်းနောက်  ပြည်နယ်ဝန်ကြီး ချုပ်နှင့်    တာဝန်ရှိသူများသည် ရွှေညောင်မြို့   ဟဲကယ်ကျေးရွာ ရှိ ကိုစိုင်း K S T ဆန်စက်၊ ငွေကမ္ဘာ ဆန်သန့်စက်ရုံသို့    သွားရောက် ကြည့်ရှုရာ ဆန်စက်တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်မှုများ ကို      ရှင်းလင်းတင်ပြကြပြီး    ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက         ဆန်စက်အတွင်း  လှည့်လည်    ကြည့်ရှုကြကြောင်း သိရသည်။


မောင်မောင်သန်း (တောင်ကြီး)