ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား တက်ရောက်

 

တောင်ကြီး မေ ၂၉

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ရှမ်းပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

ဦးစွာ ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှတ်(၁/၂/၉) အခြေခံပညာ အထက်တန်းကျောင်း မှ ဘင်ခရာတပ်ဖွဲ့နှင့် ပန်းဖွားအဖွဲ့၊ တိုးနရားအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ ဒေါ်ခင်သိန်း ခန်းမ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကိုကျင်းပရာ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက “ကမ္ဘာ့အဆင့်မီပညာရည်” သီချင်းဖြင့် ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ အခမဲ့ပုံနှိပ် စာအုပ်များ၊ သင်ထောက်ကူ ပစ္စည်းများပေးအပ်၍ ခင်းကျင်းပြသထားသော ပညာရေးပြခန်းများကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)