ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်  နိုဝင်ဘာ   ၁၆


ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ် အတွင်း  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့ကြ သည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် အလှူရှင်များအား ဂုဏ်ပြုချီးမြှင့် ခြင်းကို   ယနေ့တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး  အစည်းအဝေး ခန်းမနှင့်  ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ခန်းမတို့၌  ပြုလုပ်ရာ ပြည်နယ်အသီးသီး မှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်အသီးသီးမှ   တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊      ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အလှူရှင်များ တက်ရောက်ကြသည်။


ပေးအပ်ချီးမြှင့်


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်များက ဂုဏ်ပြုအမှာစကား    ပြောကြားကြသည်။    ထို့နောက် ရှမ်းပြည်နယ်   (တောင်ပိုင်း)နှင့်   ချင်းပြည်နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်     အလှူရှင် များအား ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။      


သတင်းစဉ်