ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ်တွင် ငွေကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော် ဒီဇင်ဘာ ၁ 


ရှမ်းပြည်နယ်(တောင်ပိုင်း)လဲချား မြို့နယ်တွင် ငွေကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ  ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ  သိရသည်။

 


ဖြစ်စဉ်မှာ   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်   နိုဝင်ဘာ   ၂၉ ရက် နံနက် ၉ နာရီခွဲတွင် လဲချားမြို့နယ် ပင်လုံ-လဲချားသွားကားလမ်းတွင် ပင်လုံမှလဲချားဘက်သို့ ဟိန်းထက် အောင် (၃၃နှစ်)   မောင်းနှင်ပြီး ဇင်လင်းမောင်(၂၈နှစ်) လိုက်ပါ လာသည့် ၂၂ ဘီး တွဲကားမော်တော် ယာဉ်နှင့်  ရှေ့နောက်လိုက်ပါလာ သည့် အောင်မင်းထွေး(၄၁နှစ်) မောင်းနှင်ပြီး ဟိန်းမင်းဦး(၁၉နှစ်) လိုက်ပါလာသည့် ၁၈ ဘီး တွဲကား မော်တော်ယာဉ်တို့ကို ရှာဖွေရာ တန်ဖိုးငွေကျပ်သိန်း ၂၄၀၀ ကျော် တန်ဖိုးရှိ  သံပီပါများဖြင့်  ထည့် လျက် ETHYLACETATE အရည်   လီတာ  ၁၅၄၈၀ နှင့်  BISMUTH (III)OXIDE အရည် လီတာ ၉၀၀၀ တို့ကို            သိမ်းဆည်းရမိခဲ့ပြီး   စစ်ဆေးချက်များအရ သိမ်းဆည်း ရမိသော   ဓာတုပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးမှ   ရှမ်း ပြည်နယ်(မြောက်ပိုင်း)    သို့ သယ်ဆောင်ခြင်း    ဖြစ်ကြောင်း သိရသဖြင့်  ၎င်းတို့အား   ဓာတု ပစ္စည်းနှင့်   ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေအရ     အရေးယူထားရှိပြီး ကွင်းဆက်  ပြစ်မှုကျူးလွန်သူများ ကို  ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။ 


ရဲပြန်ကြား