
နေပြည်တော် အောက်တိုဘာ ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြား သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဦးရွှေကြိမ်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးစောထွန်းအောင်မြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့် မြို့မိ မြို့ဖများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် အဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က ရှမ်းပြည်နယ်အတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေမှုအခြေအနေများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍများ နှင့် ဒေသဆိုင်ရာအထွေထွေအချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံခန့်ခွဲရေးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းတို့က ဒေသ ဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များအား ရှင်းလင်းတင်ပြကြပြီး တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထိန်းသိမ်းဆောင်ရွက်ကြရန်လို
ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားရာတွင် ရှမ်းပြည်နယ်သည် ဆန်ဖူလုံမှုရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ပိုလျှံသည့် ဆန်များအား ပြည်ပသို့တင်ပို့နိုင်သည်အထိ အရည် အသွေးပြည့်မီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံများ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက် နိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိ လာသည့် သဘာဝမြေဩဇာများ ထည့်သွင်းအသုံးပြု နိုင်ရေးအတွက်လည်း ခေတ်မီနည်းပညာများဖြင့် အသုံးပြုဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ တောင်ကြီးမြို့ ရေလုံလောက်စွာရရှိ ရေးကို အထောက်အကူဖြစ်စေမည့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များစိုက်ပျိုး ရန်လိုအပ်မှုနှင့် သစ်တောများ ပြုန်းတီးမှုမရှိစေရေး အတွက်လည်း ထိန်းသိမ်းဆောင်ရွက်ကြရန်လို ကြောင်း၊ မြို့ပြစီမံကိန်းများဆောင်ရွက်ရာတွင် ပြည်သူများအတွက် အဓိကလိုအပ်သည့် သောက် သုံးရေလုံလောက်စွာရရှိနိုင်မှု၊ ပညာရေးနှင့် ကျန်းမာ ရေးဆိုင်ရာကဏ္ဍများကို အဓိကထား စဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်း၊ ရှမ်းပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး သဘာဝမှပေးအပ် ထားသည့် အဖိုးတန်အရင်းအမြစ်တစ်ခုဖြစ်သည့် အင်းလေးကန်၏ ရေသယံဇာတများ တိမ်ကောမှု မရှိစေရေးအတွက်လည်း ရေဝေရေလဲ ဒေသများအား ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် Bio Gas အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက်လည်း နည်းလမ်း ရှာဖွေဆောင်ရွက်ရန်လိုကြောင်း ဖြည့်စွက်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးစောထွန်း အောင်မြင့်တို့က စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်သစ်တောများအား ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ ပြည်သူများ၏ အသက် မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နိုင် ရန်အတွက် သင်တန်းများဖွင့်လှစ်ပေးမှုအခြေ အနေများ၊ မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှုနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများအတွက် ထောက်ပံ့ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေ များနှင့် ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် အားကစားကွင်းများနှင့် အားကစားရုံများ အဆင့်မြှင့်တင်ရေးဆောင်ရွက်ပေးနေမှုနှင့် ရပ်ကွက် ကျေးရွာများအလိုက် အားကစားသမားများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးမည့်အခြေ အနေများ၊ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေး မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် မြှင့်တင်ဆောင်ရွက်ပေး နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြသည်။
မြေသယံဇာတများစွာရှိ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ရှမ်းပြည်နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း ၆ သောင်းကျော်၊ လူဦးရေ ၅ ဒသမ ၅ သန်းရှိသဖြင့် မိမိတို့နိုင်ငံတွင် ဧရိယာအကျယ် ဆုံးဖြစ်ပြီး သင့်တင့်သည့် ရာသီဥတုရှိကြောင်း၊ မြေဆီဩဇာကောင်းသည့် မြေသယံဇာတများစွာရှိ သည့် ရေခံမြေခံကောင်းသည့် ဒေသတစ်ခုဖြစ် ကြောင်း၊ ဒေသကိုချစ်သည့်စိတ်ဖြင့် အားလုံး ဆောင်ရွက်ကြမည်ဆိုပါက ကောင်းမွန်သည့် ဒေသတစ်ခုဖြစ်မည်ဖြစ်ကြောင်း၊ ဒေသအတွင်း နေထိုင်သူအများစုသည် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်း များကို ဆောင်ရွက်ကြသူများဖြစ်ကြောင်း၊ စပါး၊ ပြောင်း၊ နှမ်း၊ အာလူးနှင့် သီးနှံမျိုးစုံ စိုက်ပျိုးကြ ကြောင်း၊ ဆန်အထွက်နှုန်းများ ယခုထက်ပိုမို ကောင်း မွန်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်နယ်၏ ဝင်ငွေများ ယခုထက် ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း။
အကျိုးဖြစ်ထွန်းစေမည်
လူများအတွက် စားရေးဖူလုံရန်အရေးကြီးသဖြင့် စားရေးဖူလုံရေးအတွက် တိုက်တွန်းဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ စပါးအထွက်နှုန်းများ တိုးတက် အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မိမိတို့ လူမျိုး သည် ဆန်ဗဟိုပြုစားသုံးကြပြီး လူတစ်ဦး၏တစ်နှစ် စာစပါး လိုအပ်ချက်သည် ပျမ်းမျှအားဖြင့် ၁၅ တင်း ခန့်ဖြစ်သဖြင့် ဆန်စားသုံးမှုများကြောင်း၊ ဆန်စား သုံးခြင်းဖြင့် ပရိုတင်းကယ်လိုရီများရရှိစေကြောင်း၊ အခြားအာဟာရဖြစ်စေသည့် သီးနှံများနှင့် အသား ငါးများကို မျှတစွာစားသုံးခြင်းဖြင့် ကျန်းမာရေးနှင့် ခန္ဓာကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက် များစွာအထောက် အကူပြုကြောင်း၊ ရှမ်းပြည်နယ်သည် စိုက်ပျိုးရေး သာမက မွေးမြူရေးပါ ကောင်းမွန်သည့်ဒေသဖြစ် ကြောင်း၊ အေးသာယာရှိ မွေးမြူရေးဇုန်တွင် မွေးမြူရေးလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက် လျက်ရှိပြီး အောင်မြင်သည့် လုပ်ငန်းများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ နို့စားနွား၊ ကြက်၊ ဝက်များအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ပိုမို မွေးမြူကြစေလိုကြောင်း၊ အေးသာယာမွေးမြူရေးဇုန် တွင်သာမက အခြားမြို့နယ်များတွင်လည်း မွေးမြူ ရေးလုပ်ငန်းများအား စနစ်တကျဖြင့် ဆောင်ရွက် ကြစေလိုကြောင်း။
ရှမ်းပြည်နယ်တွင် စပါး၊ ပြောင်း၊ အာလူး၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုပ်များကို စိုက်ပျိုးကြကြောင်း၊ အဆိုပါဆီထွက်သီးနှံများတွင် ပါဝင်သည့် စပါး၊ ပြောင်း၊ ပဲပုပ်၊ နေကြာ၊ ပန်းနှမ်း၊ မြေပဲ၊ နှမ်းတို့မှ ထွက်ရှိသည့် စကွဲ၊ ဖွဲ၊ ပဲဖတ်၊ နှမ်းဖတ်များသည် တိရစ္ဆာန်မွေးမြူရေးအတွက် အစားအစာများရရှိ သဖြင့် ပြည်နယ်တွင်း တိရစ္ဆာန်အစားအစာများ လုံလောက်စွာထုတ်လုပ်နိုင်သောကြောင့် မွေးမြူရေး လုပ်ငန်းများအတွက် အကျိုးရှိအောင် ဆောင်ရွက်နိုင် ကြောင်း။
ဝင်ငွေများကောင်းမွန်ရမည်
မိမိတို့အနေဖြင့် နိုင်ငံတည်ဆောက် ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် နိုင်ငံသာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးကို အဓိကထား ဆောင်ရွက် နေကြောင်း၊ နိုင်ငံသာယာဝပြောရန်အတွက် အားလုံး တည်တည်ငြိမ်ငြိမ်ဖြင့် ပြည်သူများအားလုံး ပျော်ရွှင် စွာ အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်သည့်အနေ အထားတွင်ရှိရမည်ဖြစ်ပြီး ပြည်သူများ၏ ဝင်ငွေများ ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရတည်ငြိမ် မှု၊ လုံခြုံရေးအရ တည်ငြိမ်မှုများသည် လိုအပ် ကြောင်း၊ သို့မှသာ နိုင်ငံသာယာဝ ပြောလာမည်ဖြစ်ပြီး အားကစားများ၊ ပျော်ပွဲရွှင်ပွဲ များကို ကျင်းပပြုလုပ် နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရေး အတွက် မြို့ပြနှင့်ကျေးလက်နေပြည်သူများသာမက တာဝန်ရှိသည့် အုပ်ချုပ်သူအဆင့်ဆင့်မှလည်း ဦးဆောင်ခြင်း၊ အားပေးခြင်းနှင့် ကူညီပေးခြင်းများ ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရေးအတွက် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် အရေးကြီးကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိလုပ်ဆောင်နေသည့် မိရိုးဖလာအခြေအနေ အပေါ်တွင် ရောင့်ရဲတင်းတိမ်မနေဘဲ တိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးတောင်သူများ ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်လုပ် နိုင်သည့် သံလွင်မြစ်နှင့် အခြားအရင်းအမြစ်များစွာ ရှိကြောင်း၊ အလားတူ ကျောက်မီးသွေးများထွက်ရှိ သဖြင့် ကျောက်မီးသွေးအသုံးပြု၍ ခေတ်မီနည်းပညာ များဖြင့် စနစ်တကျထုတ်လုပ်နိုင်ပါက ပတ်ဝန်းကျင် ထိခိုက်မှုကို နည်းပါးစေပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ရကြောင်း၊ တောင်ပေါ်ဒေသဖြစ်သည့် အတွက်လည်း လေအားလျှပ်စစ်ဓာတ်အားများ ထုတ်ယူ၍ရကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား များ ထုတ်လုပ်နိုင်ရေးအတွက် ရှိပြီးသားအရင်းအမြစ် များကို အသုံးချနိုင်ခြင်းဖြင့် ပြည်နယ်အတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများလုံလောက်စွာရရှိခြင်းဖြင့် ဖွံ့ဖြိုတိုးတက်မှုများအား များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။
ပညာသင်ကြားခြင်းဖြင့် လူသားအရင်းအမြစ်များ များစွာပေါ်ထွက်လာမည်ဖြစ်
ရှမ်းပြည်နယ်အတွင်း ပညာသင်ကြားနိုင်သည့် တက္ကသိုလ်ဇုန် ၄ ဇုန်ရှိကြောင်း၊ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားခြင်းဖြင့် လူသားအရင်း အမြစ်များ များစွာပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် စီးပွားရေးနှင့် ဥပဒေဆိုင်ရာ ပညာရပ်များ သင်ကြားနိုင်ရေးအတွက်လည်း စီမံ ဆောင်ရွက်ပေးထားကြောင်း၊ အဆိုပါပညာရပ် များသည် နိုင်ငံဖွံ့ဖြိုတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုနိုင်ကြောင်း၊ တက္ကသိုလ်ပညာ သင်ကြားရေးအတွက် အားပေးဆောင်ရွက်ကြစေ လိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း ၂၀၀၉ ခုနှစ်တွင် သူငယ်တန်းတက်ရောက်သူ ၁၁၂၁၄၅ ဦး ရှိကြောင်း၊ အဆိုပါတက်ရောက်သူများမှ ပထမတန်း တက်ရောက်သူ ၁၀၁၄၂၈ ဦးသာ ရှိတော့သဖြင့် ၈၄ ရာခိုင်နှုန်းသာရှိတော့ကြောင်း၊ ပဉ္စမတန်း တက်ရောက်ချိန်တွင် ၆၄၀၀၀ သာ ရှိတော့သည်ကို တွေ့ရှိရသဖြင့် ၅၂ ရာခိုင်နှုန်းသာ ပညာသင်ကြား တော့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ပညာ သင်ကြားသူများ နဝမတန်းရောက်ရှိချိန်တွင် ၄၁၀၀၀ သာရှိပြီး ၃၄ ရာခိုင်နှုန်း၊ ဒသမတန်းတက်ရောက်သူ ၃၇၀၀၀ ရှိပြီး ၃၀ ရာခိုင်နှုန်းရှိပြီး ဒသမတန်း အောင်မြင်သူ ၉၆၀၀ သာ အောင်မြင်သဖြင့် ၇ ဒသမ ၉၃ ရာခိုင်နှုန်းသာရှိသဖြင့် ပညာရေးအားနည်းမှု ရှိသည်ကို တွေ့ရှိရသဖြင့် ပညာရေးအားပေးရန် လိုအပ်ကြောင်း၊ ပညာရေးအားနည်းချက်များရှိသဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်းများတွင် ဆောင်ရွက်မည့် အသိပညာရှင် များ ပြည့်စုံစွာလိုအပ်မှုအတွက် အခက်အခဲရှိနေ သည်ကို သုံးသပ်တွေ့ရှိရကြောင်း။
ပညာရေးတွင် အခြေခံပညာနှင့် အဆင့်မြင့် ပညာဟူ၍ နှစ်မျိုးရှိကြောင်း၊ တက္ကသိုလ်များသည် တက်ရောက်သူများသည် မိမိကိုယ်တိုင် လေ့လာ ခြင်း၊ မိမိကိုယ်မိမိထိန်းသိမ်းခြင်းဖြင့် တက္ကသိုလ် ကျောင်းသားဘဝအား ဖြတ်သန်းကြရခြင်းဖြစ် ကြောင်း၊ ပညာသင်ကြားသည့် အဆင့်အလိုက် ကျောင်းသားများ၏ အတွေ့အကြုံများမှာ ကွဲပြား သွားကြကြောင်း၊ ရှမ်းပြည်နယ်အတွင်း လူသား အရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် ပညာ ရည် မြှင့်တင်ရေးအတွက် အားပေးဆောင်ရွက်ကြစေ လိုကြောင်း။
မဲစာရင်းမှားယွင်းမှုနှင့်ပတ်သက်၍ ဖြေရှင်းခဲ့မှုမရှိ
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ သည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် တိုင်းရင်းသားများစုပေါင်းနေထိုင်သည့် ပြည်ထောင်စု နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို သိရှိရန်လိုကြောင်း၊ ဒီမိုကရေစီ စနစ်ဆိုသည်မှာ အများစု၏သဘောဆန္ဒဖြင့် ဥပဒေ နှင့်အညီ အုပ်ချုပ်ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊ ဥပဒေနှင့်အညီဆောင်ရွက်မည်ဆိုပါက အားလုံး လိုက်နာကြရမည်ဖြစ်သော်လည်း “လူညီလျှင် ဤကို ကျွဲဖတ်သည်” ဆိုသည့်လုပ်ရပ်မျိုး ဆောင်ရွက်၍ မရကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ အားလုံးကို လုပ်ပိုင်ခွင့်မျှမျှတတဖြင့် ခွဲဝေကျင့်သုံး ဆောင်ရွက် ခြင်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် နိုင်ငံအတွက်အရေးကြီးသဖြင့် အမှားခံ၍မရကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ များစွာမှားယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲမကျင်းပ မီကာလများတွင် မိမိအနေဖြင့် ရွေးကောက်ပွဲတွင် လွတ်လပ်မှုနှင့်မျှတမှုရှိစေရေးအတွက် အသိပေးမှု များ မကြာခဏပြုလုပ်ခဲ့ကြောင်း၊ NLD ပါတီအနေ ဖြင့် မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ချိန်တွင်လည်း ကိုဗစ်-၁၉ ရောဂါအား အကြောင်းပြု၍ မဲဆွယ်မှု များအား မျှတမှုမရှိအောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ကြိုတင်မဲပေးချိန်တွင်လည်း လုပ်ထုံးလုပ်နည်းများ ကို ကျော်လွန်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရ ကြောင်း၊ မဲစာရင်းမှားယွင်းမှုနှင့်ပတ်သက်၍ ဖြေရှင်း ရန် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ဖြေရှင်းခဲ့မှု မရှိသဖြင့် ယခုအခြေအနေမျိုးသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနေကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ဖျက်သိမ်း ၍ မရကြောင်း၊ ခေတ်ကာလနှင့် ညီညွတ်မှုမရှိသော အကြောင်းအရာများအား ပြင်ဆင်ရန်အတွက် မိမိတို့အနေဖြင့်လက်ခံကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီအရ ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ရွေးကောက်ပွဲအား မှန်မှန်ကန်ကန်ဖြင့် ပြန်လည်ကျင်းပနိုင်ရေး စနစ်တကျဖြစ်အောင် စီမံဆောင်ရွက်ကြရန်လိုကြောင်း။
အမျိုးသားရေးစရိုက်လက္ခဏာများကို ထိန်းသိမ်းကြရမည်ဖြစ်
တိုင်းရင်းသားများနှင့်ပတ်သက်၍ စာပေ၊ ယဉ်ကျေးမှုများရှိသဖြင့် မိမိတို့အနေဖြင့် အားပေး ကြောင်း၊ သို့သော် ပြည်ထောင်စုစာပေဖြစ်သည့် မြန်မာစာနှင့် မြန်မာစကားကို အသုံးပြုရမည်ဖြစ် ကြောင်း၊ နိုင်ငံတကာတွင်လည်း နိုင်ငံအသီးသီး သည် အများအားဖြင့် သတ်မှတ်ထားသည့် ရုံးသုံးစာ နှင့် ရုံးသုံးစကား တစ်မျိုးတည်းကိုသာ အသုံးပြုကြ ကြောင်း၊ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု များ တိုးတက်စေရေးအတွက်လည်း တိုင်းရင်းသားစာပေသင်ကြားရေးနှင့် ပတ်သက်သည့် ဆရာ၊ ဆရာမများ၏ လစာများ တိုးမြှင့်ပေးခဲ့ကြောင်း၊ မိမိတို့၏ အမျိုးသားရေးစရိုက်လက္ခဏာများကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းကြရန်လိုကြောင်း၊ ထို့အတူ မိမိတို့တိုင်းရင်းသားများ၏ အမျိုးသားရေး စရိုက်လက္ခဏာများကို မိမိတို့ တိုင်းရင်းသားများ ကပင် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ်တွင် ဖြစ်ပွားမှုနှုန်းများနေသေးကြောင်း၊ နယ်စပ်ဒေသ များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူများမှ တစ်ဆင့် ကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် စစ်ဆေးမှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင် ရာ တာဝန်ရှိသူများအနေဖြင့်လည်း ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုဗစ် -၁၉ ရောဂါ သည် လက်ရှိအချိန်အထိ ပျောက်ကင်းသွားနိုင်သည့် ရောဂါမဟုတ်သေးသဖြင့် ယှဉ်တွဲသွားရမည့် ရောဂါ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများကာကွယ်ဆေး များ အမြန်ဆုံးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ မြို့သာယာလှပရေးသည် ကျန်းမာရေး ကိုလည်း အထောက်အကူပြုကြောင်း၊ ရေမြောင်းများ ပိတ်ဆို့မှုမရှိရန်၊ အမှိုက်များစနစ်တကျစွန့်ပစ်မှုများ ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာ စည်ပင် သာယာရေးဌာနသာမက ပြည်သူများမှလည်း အသိ စိတ်ဓာတ်ရှိရှိ ထိန်းသိမ်းဆောင်ရွက်ရေး အသိပညာ ပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ပတ်ဝန်းကျင် ကောင်းများတည်ဆောက်ကြရန်လိုကြောင်း၊ ပလတ် စတစ်သုံးစွဲမှုများ လျှော့ချရေးအတွက်လည်း ဆောင်ရွက်ကြစေလိုကြောင်း၊ ပလတ်စတစ်များအား စနစ်တကျ သုံးစွဲမှုမရှိသဖြင့် သဘာဝပတ်ဝန်းကျင် ကိုထိခိုက်နိုင်ကြောင်း၊ ရှမ်းပြည်နယ်သည် သာယာ လှပသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်သန့်ရှင်းမှုများကို ပိုမိုဆောင်ရွက် နိုင်မည်ဆိုပါက ခရီးသွားလုပ်ငန်းတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ဒေသသာယာ လှပရေးအတွက် မျက်စိပသာဒရရှိစေသည့် ပန်းပင် များနှင့် အရိပ်ရလေကာပင်များအား စိုက်ပျိုးရန်လို ကြောင်း၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးမှု သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ယနေ့နံနက်ပိုင်းတွင်လည်း တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အားကစားကွင်းအဆင့်မြှင့်တင်ရေး နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်