
နေပြည်တော် ဇူလိုင် ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် ၌ ငွေကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၆ တုံး၊ အလေးချိန် ၄၀ ဒသမ ၆ ကီလို ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ လားရှိုး မှ မူဆယ်ဘက်သို့ ဟောင်းလွမ်း မောင်းနှင် ပြီး ဇော်ဂရောင်လိုက်ပါလာသည့် Crown မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသ ကာလတန်ဖိုးငွေကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၆ တုံး၊ အလေးချိန် ၄၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၄ နာရီတွင် မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက် မြို့ရှောင်လမ်းတွင် ဘိန်းဖြူ ဘလောက်တုံးများ သယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူ ရန်ကျုံးပြုံး (ခ) အောင်ကျော်မိုး ကို ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများကို ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်မှ ရှမ်း ပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်