ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းဖက်သမားတစ်ဦးအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီး

နေပြည်တော်   ဇွန်   ၂၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)     မဘိမ်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ   လက်နက်လုယူရန် ကြိုးစားခဲ့သူ    အကြမ်းဖက်သမား   တစ်ဦးအား ခြောက်လှန့်      ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း   သိရသည်။


ဖြစ်စဉ်မှာ ဇွန် ၂၃ ရက် ည ၁၁ နာရီ ၁၅ မိနစ်တွင် မဘိမ်းမြို့နယ် ငါးအိုးကျေးရွာရှိ အခြေခံပညာအလယ် တန်းကျောင်းခွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသော တပ်ဖွဲ့ဝင်များရှိရာသို့ အမျိုးသားတစ်ဦး မောင်းနှင်လာသောဆိုင်ကယ်သည် ကျောင်းအနီးသို့ မသင်္ကာဖွယ်ကပ်လာသည်ကို    တွေ့ရှိရသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုက်လံဖမ်းဆီးခဲ့သည်။


ထိုသို့လိုက်လံဖမ်းဆီးခဲ့ရာ အဆိုပါဆိုင်ကယ်အား ငါးအိုးကျေးရွာအနီးတွင် တားဆီးရမိခဲ့ပြီး မေးမြန်း နေစဉ်   ၎င်းအမျိုးသားမှ   ၎င်းအနီးတွင်ရှိနေသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ      လက်နက်အား လုယူရန်ကြိုးစားခဲ့သဖြင့် လုံခြုံရေတပ်ဖွဲ့ဝင်တစ်ဦးမှ ခြောက်လှန့်ပစ်ခတ်ခဲ့ရာ      အဆိုပါအမျိုးသား၏ ဝဲလက်တံတောင်ဆစ်နှင့် ဝဲလက်ပြင် ဖောက်ဝင် ဒဏ်ရာများရရှိ သေဆုံးခဲ့သဖြင့် ၎င်းစီးနင်းလာသော ဆိုင်ကယ်တူးဘောက်အတွင်း စစ်ဆေးရှာဖွေခဲ့ရာ အပြာရောင်    ကပ်ခွာအိတ်အတွင်းထည့်ထားသော WY စာတန်းပါ  စိတ်ကြွရူးသွပ်ဆေးပြား ၆၆ ပြား၊ လက်ပစ်ဗုံး     တစ်လုံးတို့အား     သိမ်းဆည်းရမိ ခဲ့သည်။
ဖြစ်စဉ်တွင်    လူသေဆုံးခဲ့မှုနှင့်ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ      သေမှုသေခင်းရေးဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


ရဲပြန်ကြား