
နေပြည်တော် အောက်တိုဘာ ၃
ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ် ချက် တစ်ခုဖြစ်သည့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ကျွမ်းကျင် လုပ်သားများ၊ အလယ်အလတ် အဆင့်နှင့် ဘာသာရပ်အထူးပြု ပညာရှင်များ ပိုမိုမွေးထုတ်နိုင်ရေး၊ သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက် နိုင်ရေးကို အလေးထား ကြိုးပမ်း အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုး မွေးမြူရေးသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ဒေသခံပြည်သူ များ စိုက်ပျိုးမွေးမြူရေး သိပ္ပံ ကျောင်းများတွင် ပိုမိုတက်ရောက် နိုင်ရေး စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင် ထွဋ်ဦးက အောင်ပန်းစိုက်ပျိုးရေး သုတေသနခြံ ရှင်းလင်းဆောင်၌ ရှမ်းပြည်နယ် လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ စဉ် ဆွေးနွေးပြောကြားသည်။
တိုးချဲ့ဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးသည် အောင်ပန်း စိုက်ပျိုးရေးသုတေသန ခြံမှ သုတေသနပြု ထုတ်လုပ် ထားသော အစေ့ထုတ်ပြောင်း၊ ပဲပုပ်နှင့် ဆီထွက် သီးနှံမျိုးစေ့ နမူနာများကို ကြည့်ရှုစစ်ဆေး ပြီး ဒေသရေမြေနှင့် ကိုက်ညီ ပြီး စီးပွားဖြစ် စိုက်ပျိုးထုတ် လုပ်နိုင်သည့် သီးနှံအမယ်သစ် များ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဈေးကွက်ကို အခြေခံသည့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး မှာကြား သည်။
ပူးပေါင်းဆောင်ရွက်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် တွေ့ဆုံစဉ် ဆွေးနွေး မှာကြားရာတွင် ရှမ်းပြည်နယ်၏ အထင်ကရ ဒေသတစ်ခုဖြစ်သော အင်းလေးကန်ဒေသ ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသော အင်းလေးကန်အတွင်း သဲနုန်းများ ပို့ချမှုကို ကာကွယ် ရန်အတွက် နုန်းထိန်းတာတမံ များ တည်ဆောက်ထိန်းသိမ်းရေး၊ ရေမှော်များ၊ ဗေဒါနှင့် ကျွန်းမျော ဟောင်းများ ရှင်းလင်းရေးလုပ်ငန်း များ အပါအဝင် နှစ်စဉ်ဆယ်ယူ လျက်ရှိသည့် နုန်းများကို စိုက်ပျိုး ရေးလုပ်ငန်းတွင် ပြန်လည်အသုံး ပြုနိုင်ရေး၊ ရှင်းလင်းဖယ်ရှားထား သည့် ရေမှော်များ၊ ဗေဒါနှင့် ဒိုက် များကို စိုက်ပျိုးရေးဦးစီးဌာနက သဘာဝမြေဩဇာ ပြုလုပ်အသုံးချ ရေး၊ ကျွန်းမျောစိုက်ခင်း များပေါ် တွင် အောင်မြင်စွာ ဆောင်ရွက် လျက်ရှိသည့် ကောင်းမွန်သော စိုက်ပျိုးရေး ကျင့်စဉ်(GAP) စနစ် နှင့်အညီ ခရမ်းချဉ်သီးနှင့်ဟင်းသီး ဟင်းရွက်များ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းကို သက်ဆိုင်ရာအစိုးရ နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး သည်။
စနစ်တကျအသုံးပြု
အလားတူ ဒေသငါးမျိုးဖြစ် သည့် ငါးဖိန်းငါးမျိုးများ ရွေးချယ် ထိန်းသိမ်းရေးနှင့် သားဖောက် မွေးမြူရေး၊ မွေးမြူရေး တိရစ္ဆာန် အစားအစာများကို လွှတ်ကျောင်း စနစ်မှ စိုက်ပျိုးကျွေးမွေးသည့် စနစ်သို့ ပြောင်းလဲရေး၊ အာလူး၊ ပြောင်း၊ ပဲမျိုးစုံနှင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုး သည်မှ ရိတ်သိမ်းသည်အထိ စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးမွေးမြူ ရေးဆိုင်ရာ နည်းပညာအသိပညာ များ တိုးတက်ဖြန့်ဝေပေးရေးနှင့် သုတေသနလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရေး၊ ဆီထွက်သီးနှံနှင့် ကော်ဖီသီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုစိုက်ပျိုး မြေများ စနစ်တကျ အသုံးပြုနိုင် ရေး လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်