
နေပြည်တော် ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ ငွေကျပ် ၁၅ ဒသမ ၉၂ ဘီလီယံကျော်တန်ဖိုး ရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၈၀ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၇ ဒသမ ၄ သန်း၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပါဆတ်ရပ်ကွက် လွန်းကျိုင်းရပ်ရှိ အမှတ်(၃/၁၂၂) နှင့် (၃/၁၂၃)နေအိမ်နှစ်လုံးကို သတင်းအရ ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်း စိုင်းရွက်အား ဒေသကာလတန်ဖိုး ငွေကျပ် ၁၅ ဒသမ ၉၂ ဘီလီယံ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း) ၅၈၀ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၇ ဒသမ ၄ သန်း၊ ထိန်းချုပ်ဓာတု ပစ္စည်း ကဖင်း ၄ တန်နှင့် ဆက်စပ်ပစ္စည်းများကို မော်တော် ယာဉ်လေးစီးနှင့်အတူ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး မူးယစ် ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်သူများ ပိုင်ဆိုင်သည့် ငွေကြေး အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများအား ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းနိုင်ရေးနှင့် ကွင်းဆက် ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်