ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို ဒုတိယဝန်ကြီး ဦးဇော်အေးမောင် သွားရောက်ကြည့်ရှုစစ်ဆေး

 

တောင်ကြီး   မေ   ၁၀
တိုင်းရင်းသား    လူမျိုးများရေးရာ ဝန်ကြီးဌာန       ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည်      ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်း သားရေးရာဝန်ကြီး   ဦးအောင် ကြည်ဝင်းနှင့်အတူ     ယမန်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ   ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာသို့     သွား ရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ     ဒုတိယဝန်ကြီးသည် တိုင်းရင်းသား   လူမျိုးများရေးရာ ဝန်ကြီးဌာန၊      ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့်   ကယား ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ    အရာထမ်း၊    အမှုထမ်းများ၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များမှ    ကိုယ်စားလှယ်များ နှင့်  သင်တန်းသား  သင်တန်းသူ များကို    ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်သည့်    အကြောင်း အရာများကို ရှင်းလင်းဟောပြော ပြီး     တက်ရောက်လာသူများက သိရှိလိုသည်များ   မေးမြန်းကြရာ ဒုတိယဝန်ကြီးက      ပြန်လည် ဆွေးနွေးဖြေကြားသည်။
ထို့နောက်    တိုင်းရင်းသား လူမျိုးများရေးရာ    ဝန်ကြီးဌာန၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၊   ဝန်ထမ်းများနှင့် တွေ့ဆုံပြီး     ဒုတိယဝန်ကြီးက ဝန်ထမ်းများသည်    မိမိတို့၏  စွမ်းဆောင်ရည်များကို   စဉ်ဆက် မပြတ်မြှင့်တင်ကြရန်   လိုအပ် ကြောင်း၊  ဝန်ထမ်းများအနေဖြင့်  ဘဏ္ဍာရေးဆိုင်ရာ    လုပ်ထုံး လုပ်နည်းများကို     သိရှိနားလည် ထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊    နိုင်ငံ့ဝန်ထမ်းများ   ဖြစ်သည်နှင့် အညီ      နိုင်ငံဝန်ထမ်းဥပဒေ၊   နည်းဥပဒေများ၊   နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံ့ ဝန်ထမ်း       ကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက် ရန်လိုပါကြောင်း၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ အားသွန်ခွန်စိုက်       ကြိုးစား ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက်   ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်     အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ  ဝန်ကြီးနှင့် တာဝန်ရှိသူများသည်    သင်တန်း စင်တာ      အဆောက်အအုံကို လှည့်လည်     ကြည့်ရှုစစ်ဆေးပြီး သင်တန်းစင်တာ  ရေရှည်ကြံ့ခိုင် မှုရှိစေရန်အတွက် လိုအပ်သည် များ ဆောင်ရွက်နိုင်ရန် တာဝန်ရှိ သူများကို         မှာကြားသည်။ ဆက်လက်၍      တောင်ကြီးမြို့ရှိ တိုင်းရင်းသား   လူမျိုးများရေးရာ ဝန်ကြီးဌာန၊    ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး  ရုံးအဝင်လမ်း ခင်းမည့်  မြေနေရာကို   ကြည့်ရှု စစ်ဆေးပြီး ရေစီးရေလာကောင်းမွန် စေရန်၊ ခိုင်ခံ့မှုရှိစေရန် ဆောင်ရွက် ရမည်ဖြစ်ကြောင်းနှင့်     လိုအပ် သည်များကို   မှာကြားခဲ့ကြောင်း သိရသည်။              
  သတင်းစဉ်