ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား အာဟာရပြည့် နွားနို့နှင့် ကြက်ဥများတိုက်ကျွေးခြင်း School Milk Program ပြုလုပ်

 

နေပြည်တော်  စက်တင်ဘာ  ၂၃ 


ကျောင်းသား ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား ကျန်းမာသန်စွမ်း ပြီး   ဗလငါးတန်နှင့်   ပြည့်စုံ၍ ပညာရေးတွင်     ထူးချွန်သည့် လူငယ်၊ လူရွယ်များ  ဖြစ်လာစေ ရန်၊ နိုင်ငံတော်အတွက် အားကိုး အားထားရသည့် လူငယ်၊ လူရွယ် များဖြစ်လာစေရန်   ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့် SunJin Myanmar Company တို့ ပူးပေါင်းပြုလုပ်သည့် ကျောင်း သား     ကျောင်းသူများအား  အာဟာရပြည့် နွားနို့နှင့် ကြက်ဥ များ တိုက်ကျွေးခြင်း School Milk Program ကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန် မြို့ရှိ အခြေခံပညာအထက်တန်း ကျောင်း၌ပြုလုပ်ရာ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်    တိုင်းမှူး ဗိုလ်ချုပ်   မျိုးမင်းထွန်းနှင့်အတူ တိုင်းစစ်ဌာနချုပ်မှ   အရာရှိကြီး များ၊  ခရိုင်/မြို့နယ်အဆင့်    ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူ ရေးနှင့်   ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊   ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ SunJin myan-mar Company မှ တာဝန်ရှိသူ များ၊ ကျောင်းဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးက    School Milk Program ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားများ ပြောကြားပြီး တိုင်းမှူးနှင့်တာဝန် ရှိသူများက ကျောင်းသား ကျောင်း သူများအား အာဟာရပြည့်နွားနို့ နှင့်   ကြက်ဥများကို  အသီးသီး ပေးအပ်ကြသည်။

   ထို့နောက်  တိုင်းမှူးနှင့်  တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့် ကြက်ဥ များအား လိုက်လံပေးဝေခဲ့ကြပြီး စာသင်ဆောင်များအတွင်း လိုက်လံ ကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါ  School  Milk Program တွင် ကျောင်းသား ကျောင်းသူ ၁၇၁၄ ဦးကို  အာဟာရပြည့်နွားနို့ ၁၃၅ ပိဿာနှင့် ကြက်ဥ   ၁၇၁၄  လုံး တို့ကို    ကျွေးမွေးနိုင်ခဲ့ကြောင်း   သတင်း ရရှိသည်။                

သတင်းစဉ်