
တောင်ကြီး နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ် အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအေဂျင်စီ နိုင်ငံ့စီးပွား မြှင့်တင်ရေးအဖွဲ့ ကော်မတီဝင် များ၊ စားသောက်ကုန်လုပ်ငန်း ရှင်များနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က တောင်ကြီးမြို့ ရှမ်း ပြည်နယ်အစိုးရရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီ၏ သဘော တူညီချက်ဖြင့် ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းအေဂျင်စီ ကို နာယကအဖြစ် ရှမ်းပြည်နယ် ဝန်ကြီးချုပ်က တာဝန်ယူ၍ အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်ချက်များအတိုင်း ရှမ်းပြည်နယ်တွင် ရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများ အပါအဝင် MSME လုပ်ငန်းရှင်များ အဓိကလိုအပ်နေ သော ချေးငွေအရင်းအနှီးရရှိရေး၊ နည်းပညာများရရှိရေးနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး တို့နှင့်ပတ်သက်ပြီး SME လုပ်ငန်း ရှင်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိ စေရန်အတွက် တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲ များမှ လုပ်ငန်းရှင်များ၏ အားနည်း ချက်၊ တင်ပြချက်များကို စုစည်း ၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဖြေရှင်းပေးနိုင်ခဲ့ပါ ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေကိုလည်း အစုအဖွဲ့များ၊ အသင်း အဖွဲ့များကို အကျိုးရှိရှိထိရောက် စွာ ရရှိသုံးစွဲရေးအတွက် စိစစ် ကြပ်မတ်၍ ထုတ်ချေးပေးနိုင်ခဲ့ သလို ယခုအခါ SME ဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေ ၁၅၀ ဘီလီ ယံကို ထုတ်ချေးပေးနိုင်ရန် စီစဉ် နေပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန် မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူ လူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေ အနေကို ပြန်လည်မြှင့်တင်နိုင်ရန် မတည်ထောက်ပံ့ငွေများကို ရှမ်း ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ငွေကျပ် ၈ ဘီလီယံရရှိခဲ့ပါကြောင်း၊ ယခုလို ရရှိခဲ့သည့် မတည် ထောက်ပံ့ငွေများကို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင် ရာတွင် ပိုမိုထိရောက်စွာဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ မတည်ရန်ပုံငွေ များ ကို ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုး ရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စီးပွား ရေး ကုန်ထုတ်လုပ်ငန်းများနှင့် အခြား စီးပွားရေးလုပ်ငန်းများ၊ သမဝါယမအသင်းဖြင့် ဆောင်ရွက် မည့် စီးပွားမြင့်မားရေးလုပ်ငန်း စသည်တို့တွင် အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရန်အတွက် ပထမအကြိမ်အဖြစ် ၁၆၄ ဖွဲ့၊ ဒုတိယအကြိမ်အဖြစ် ၃၂ ဖွဲ့၊ တတိယအကြိမ်အဖြစ် ၁၀ ဖွဲ့နှင့် စတုတ္ထအကြိမ်အဖြစ် ၂၁ ဖွဲ့ စုစုပေါင်းအစုအဖွဲ့ ၂၂၇ ဖွဲ့ အား ၈၈၆၆ ဒသမ ၁၇ သန်း ထုတ်ချေးနိုင်ခဲ့ကြောင်း ပြောကြား သည်။
ဆက်လက်၍ အခမ်း အနား တက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာ များ၊ စီးပွားရေးလုပ်ငန်းရှင်များက တင်ပြဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က တင်ပြမှုအပေါ် လိုအပ်သည်များ ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)