ရွက်လှေအားကစားနည်းက လူနည်းစုအားကစားနည်းလည်းဖြစ်နေတော့ ရွက်လှေအားကစားနည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်ပြီးကြိုးစားသွားမယ်၊ ရွက်လှေအားကစားကိုစိတ်ဝင်စားရင် စမ်းသပ်စီးနင်းကြပါလို့ဖိတ်ခေါ်ချင်ပါတယ်

(တွေ့ဆုံမေးမြန်း - နဒီမင်း၊ ဓာတ်ပုံ - ကျော်ကြီး)
၁၉၂၄   ခုနှစ်မှ  စတင်ခဲ့​သော  ရန်ကုန် ရွက်လှေအသင်းနှင့်အတူ  ပေါ်ပေါက် လာသည့် မြန်မာ့ရွက်လှေ အားကစား သည် ယခု ၂၀၂၄ ခုနှစ်တွင် နှစ် ၁၀၀ (ရာပြည့်ကာလ)သို့ ချင်းနင်းဝင်ရောက် လာပြီဖြစ်သည်။
မြန်မာ့ရွက်လှေ   အဖွဲ့ချုပ်ကြီးက ရွက်လှေအားကစား     ရာပြည့်အကြို လှုပ်ရှားမှုများပြုလုပ်နေပြီး   တစ်ဖက် တွင်လည်း  ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့်  (၃၃)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင်  ကမ္ဘာ့အဆင့်ဝင်  ပြိုင်ဘက် အသင်းများအား အနိုင်ရရှိရေး အစွမ်းကုန် ကြိုးပမ်းနေချိန်ဖြစ်သည်။
နှစ် ၁၀၀ (ရာပြည့်အကြို)လှုပ်ရှားမှု အနေဖြင့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ကြီးက  ကြီးမှူးကျင်းပသည့်  အမျိုးသား တံခွန်စိုက်          ရွက်လှေပြိုင်ပွဲကြီးကို   ရန်ကုန်မြို့ရှိ အင်းလျားကန်နှင့် ဧရာဝတီ တိုင်း​ဒေသကြီး     ငွေဆောင်ကမ်းခြေ (Ngwesaung   Yacht   Club & Resort) တွင်  မတ် ၁၆ ရက်မှ မေ ၁၂ ရက်အထိ ကျင်းပခဲ့ရာ တာဝန်ရှိသူများနှင့် ဆုရရှိ သူများ၏      ရင်တွင်းစကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
မြန်မာနိုင်ငံရွက်လှေအားကစားအဖွဲ့ချုပ် 
ဒုတိယဥက္ကဋ္ဌ ဦးမောင်ဝင်း
“အခုကျင်းပနေတဲ့     မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် အမျိုးသားတံခွန်စိုက်ပြိုင်ပွဲဆုပေးပွဲဟာဆိုရင် ရန်ကုန်ရွက်လှေ အသင်း  နှစ် ၁၀၀ ပြည့်နဲ့ တိုက်ဆိုင်တဲ့ ဂုဏ်ပြုအခမ်းအနားဖြစ်ပါတယ်။
မြန်မာနိုင်ငံ    ရွက်လှေအဖွဲ့ချုပ်နဲ့ ရန်ကုန်ရွက်လှေအသင်းတို့ဟာ ရွက်လှေ အားကစားဗဟိုပြု     ဒင်္ဂါးပြားတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလို ခွဲခြားမရပေမယ့် Nature က မတူပါဘူး၊ အဖွဲ့ချုပ်က   အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ    ကွပ်ကဲမှုအောက် Semi Government ဖြစ်ပြီး ရန်ကုန် ရွက်လှေအသင်းကတော့    Non- Profit Organization Member Club  ဖြစ်ပါ တယ်။   ၁၉၂၄ ခုနှစ်က အင်္ဂလိပ်ဘုရင်ခံ စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်ဟာ နှစ် ၁၀၀ ပြည့်မြောက်ပြီဖြစ်ပါတယ်။
1961 2nd SEAP Games ရွက်လှေပြိုင်ပွဲကို ပထမဦးဆုံးကျွန်တော်တို့နိုင်ငံက ထည့် သွင်းကျင်းပခဲ့တဲ့        ရွက်လှေအားကစား ဦးဆောင်နိုင်ငံဖြစ်ပြီး Class နှစ်မျိုးစလုံး ရွှေတံဆိပ်   ဆွတ်ခူးခဲ့သလို   1969, 5th SEAP Games ငပလီမှာလည်း ရွှေတံဆိပ် လေးခုစလုံး       ဆွတ်ခူးနိုင်ခဲ့ပါတယ်။
2013,27th SEA Games   ငွေဆောင်မှာ လည်း ရွှေနှစ်ခု၊  ငွေတစ်ခု၊  ကြေးတစ်ခု  ဆွတ်ခူးပြီး ဂုဏ်သိက္ခာမြင့်မားစွာ လက်ခံ ကျင်းပနိုင်ခဲ့လို့ ပြိုင်ပွဲကြီးကြပ်သူများနဲ့ ပြိုင်ပွဲဝင်အားလုံးက   ချီးကျူးထောမနာ ပြုခဲ့ကြပါတယ်။ 2025 Thai  33rd  SEA Games မှာ ဒီအစဉ်အလာကောင်းတွေကို ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့  အချိန်နဲ့လည်း တိုက်ဆိုင်နေတဲ့ အချိန် ဖြစ်ပါတယ်။”
ကိုစိုင်းပြည့်စုံဟိန်း(မြန်မာနိုင်ငံ
ရွက်လှေအဖွဲ့ချုပ်-နည်းပြချုပ်)
“အခုကျွန်တော်တို့  လက်ရှိပြိုင်သွား တဲ့ အမျိုးသားတံခွန်စိုက်ရွက်လှေပြိုင်ပွဲ က  အတန်း ၈ တန်းထိပါတယ်။   အတန်း ၈တန်းမှာ Optimist  ခေါ်တဲ့ အသက် ၁၆ နှစ်အောက် တစ်ယောက်စီးလှေလေးတွေ ရယ်ပါတယ်။ ILCA-4 ရယ်၊ ILCA- 6 ကျား၊   မရယ်ပါတယ်။   သူတို့ပွဲတွေကိုကျတော့ ပြီးခဲ့တဲ့မတ်လမှာ ငွေဆောင်ပင်လယ်ပြင်  လေ့ကျင့်ရေးအပြီးမှာ     တစ်ခါတည်း ပြိုင်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ အင်းလျား ကန်မှာကျတော့  Rater ရယ်၊   Sharpie  A ,B ,C အတန်း လေးတန်းက ဒီအင်းလျား ကန်မှာပြိုင်ခဲ့တယ်။ ဒါကတော့ ကျွန်တော် တို့အဖွဲ့ချုပ်က  နှစ်စဉ်ကျင်းပတဲ့ အကြီးဆုံးပြိုင်ပွဲတစ်ပွဲဖြစ်ပါတယ်။    လက်ရှိ အားကစားသမားတွေနဲ့  ပြိုင်ပွဲဝင်တွေ အပေါ်မှာတော့ အများကြီးအားရကျေနပ်  မှု ရှိပါတယ်။   ကိုဗစ်မတိုင်မီနှစ်တွေက ပြိုင်ပွဲဝင်အရေအတွက်ထက်   ပိုပြီးများ လာတဲ့အတွက်  အားရကျေနပ်မှုရှိတယ်၊  ကိုဗစ်နောက်ပိုင်းမှာတော့ အသက်အရွယ် အရရော၊ ကလေးတွေရော အများအားဖြင့် နားသွားတဲ့အခါကျတော့  ကိုဗစ်အလွန် ၂၀၂၂    ခုနှစ်မှ     ပြန်ပြီးထူထောင်တဲ့  အနေ အထား၊ ၂၀၂၂  ခုနှစ်မှ   သင်တန်းတွေ ပြန်ပြီးဖွင့်ကျတာ၊        အဲဒါကြောင့်မို့ အားကစားသမားတွေ   ပြန်ပြီးရရှိလာတဲ့  အနေ အထားဖြစ်လာတာ၊      အခုအနေ အထားအရဆိုရင်   အားရကျေနပ်မှုရှိပါ တယ်။
ဒီလက်ရှိ အားကစားသမားတွေထဲ ကမှ     SEA Games      ပြိုင်ပွဲအတွက်   ဆက်လက်        လေ့ကျင့်ပေးသွားဦးမှာ ဖြစ်ပါတယ်။ ရန်ကုန်ရွက်လှေအသင်းရဲ့ နှစ် ၁၀၀ ပြည့်လည်းဖြစ်သလို၊ ရွက်လှေ အားကစားရဲ့ ရာပြည့်ပွဲလို့လည်းပြောလို့ ရတယ်၊ ဒါကြုံတောင့်ကြုံခဲပါပဲ၊ ဒီအချိန် ကာလမှာ  ဒီကလပ်မှာ  ရှိနေတဲ့လူတွေ အတွက်ပေါ့နော်၊ ကြုံတောင့်ကြုံခဲဖြစ်လို့ အလွန်ပဲ ဝမ်းသာပါတယ်၊ ကျွန်တော်တို့  ရွက်လှေအားကစားနည်းကတော့ လူနည်း စု အားကစားနည်းလည်းဖြစ်နေတော့  သိတဲ့သူလည်း  နည်းပါတယ်။   ရွက်လှေ အားကစားနည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက်  ကျွန်တော်တို့  ဆက်ပြီးကြိုးစားသွားမယ်၊ ကျွန်တော်တို့  ရည်မှန်းချက်ပန်းတိုင်မှာ လည်းပါတယ်။    တခြားသူတွေအနေနဲ့ လည်း  ရွက်လှေအားကစားကို  စိတ်ဝင် စားရင်   စမ်းသပ်စီးနင်းကြပါလို့  ဖိတ်ခေါ် ချင်ပါတယ်။”
 ကိုဇော်မြင့်သန်း( ဆုရ အားကစားသမား)
“ကျွန်တော်ပြိုင်ပွဲပေါင်း    ငါးပွဲပြိုင်ရ တယ်။  ပထမဦးဆုံး သုံးပွဲမှာ ပထမ  သုံးခါ    ဆက်တိုက်ရတယ်။     ပထမရက်မှာပဲ       သုံးခါဆက်တိုက်ရတော့   ကိုယ့်ကိုယ်ကိုယ် သေချာပြီလို့ ထင်ခဲ့ပေမယ့် ဒုတိယနေ့ပွဲ မှာ  လေတွေက  ကိုယ့်အတွက်မဖြစ်တဲ့ အခါကျတော့  အခြားသူရဲ့ အမှတ်တိုင်း ဖြစ်သလောက်နီးပါး  ဖြစ်သွားတယ်ပေါ့။  ဒုတိယနေ့မှာတော့ တော်တော်ခက်ခက် ခဲခဲပြိုင်ခဲ့ရတယ်။ Sharpie C မှာ ကျွန်တော် တို့အားလုံး ပြိုင်ကြတာ ၁၄ ယောက်ပြိုင် ကြတာ။    တစ်ယောက်ကမလာတော့  ၁၃ စင်းပြိုင်တာ၊       အားလုံးငါးပွဲပြိုင်ရာမှာ ပျမ်းမျှအမှတ်  အနည်းဆုံးနဲ့ ကျွန်တော် ပထမရတယ်။     ကျွန်တော်တို့ရွက်လှေ  အားကစားမှာဆိုရင်လည်း    ဟိုအရင် အာဆီယံတွေမှာ   ကိုစည်သူတို့၊   ဆရာ အောင်မြင်သူတို့       လက်ထက်ကတော့  တောက်လျှောက် ရွှေတွေရခဲ့တာပေါ့။  မြန်မာဆိုရင်      အာဆီယံရွက်လှေမှာ ရွက်လှေကတော့ အကောင်းဆုံးထိပ်တန်း မှာ  တကယ့်နိုင်ငံခြား Training တွေ၊  ဥက္ကဋ္ဌကြီးရဲ့ ပံ့ပိုးမှုတွေနဲ့တောက်လျှောက် ကောင်းခဲ့ကြတယ်။ ဒါပေမယ့် အခုနောက် ပိုင်းမျိုးဆက်တွေမှာတော့   ဆုတံဆိပ် အနေနဲ့ အာဆီယံအဆင့်မှာတော့ ရွှေတွေ မရခဲ့ဘူး။ အခုလတ်တလောမှာ ကလေး တွေ ၁၀နှစ်တန်းတွေ၊  ၁၂ နှစ်တန်းတွေ နိုင်ငံတကာပွဲတွေ       တောက်လျှောက်  သုံးလတစ်ကြိမ်လောက်ကို ထွက်ပြီးတော့ အား/ ကာကလည်း   အကုန်အကျခံတယ်၊ ဒီဘက်ကလည်း   တတ်နိုင်တဲ့ဘက်က အကုန်လုံးစုထည့်ပြီးတော့   နည်းနည်း လေးတော့       နိုင်ငံတကာတန်းတော့ ပြန်ဝင်လာပြီ၊ မကြာခင်ကိုစည်သူတို့ ရခဲ့ တဲ့အချိန်ရွှေခေတ်ကိုတော့   ပြန်ရောက် မယ်လို့တော့ ယူဆပါတယ်။
ကျွန်တော်တို့     အသက်အရွယ် ဆိုရင်  အခု  ၄၅ နှစ်ရောက်ပြီဆိုတော့ အာဆီယံပြိုင်ပွဲတွေ၊  အခြားနိုင်ငံတကာအဆင့်ပြိုင်ပွဲတွေ မှန်းလို့မရတော့ပါဘူး။ နောက်လာမယ့်မျိုးဆက်အတွက် ရွက်လှေ အားကစားက  အခြားအားကစားတွေနဲ့ မတူဘူး။   ရွက်လှေမှာတော့   ရန်ကုန် ရွက်လှေအသင်းရှိနေတဲ့အတွက် ဟိုးနှစ် က    ရွှေရခဲ့တဲ့သူတွေက   အခုချိန်မှာ လက်ပွန်းတတီး တိုက်ရိုက်ပို့ချလို့ရတယ်။ အဲ့ဒီအတွက်    ကလေးတွေအလားအလာ လည်းကောင်းမယ်။  ရွှေရခဲ့တဲ့  မျိုးဆက် တွေကလည်း    သေသေချာချာ   သင်ပေး နိုင်တဲ့အတွက် ဒီအားကစားကို ကျွန်တော် တို့မြန်မာနိုင်ငံမှာ  အလားအလာအရှိဆုံး အားကစားလို့၊     မကြာခင်ကာလမှာ နောက်ထပ်   ရွှေတွေ၊ ငွေတွေ ထပ်ယူလို့ရ မယ့်    အားကစားမကြာခင်ကာလမှာ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။”
မောင်ထက်လင်းဇော်
(ဆုရအားကစားသမား)
“ပြိုင်ပွဲအမျိုးအစား လေးမျိုးဝင်ပြိုင် ထားတယ်။    ပထမဦးဆုံး   သုံးလပိုင်း ငွေဆောင်     (ILCA - 6 men fleet ) မှာ ယှဉ်ပြိုင်ထားပြီးတော့    ပထမရထားပါ တယ်။  ပြီးတော့   ဒီအင်းလျားကန်မှာပဲ Sharpie B  မှာတော့ ဒုတိယရထားပါတယ်။  Rater   မှာကျတော့   ဒုတိယရထားပါ တယ်။  အသက်က  ၁၈ နှစ်ပါ။   ရွက်လှေ  အားကစားနဲ့       ပတ်သက်ပြီးတော့ အကောင်းဆုံးဖြစ်ချင်တာပေါ့။   ဒီနိုင်ငံ တကာပွဲတွေမှာ ဆုရဖို့အထိ ရည်ရွယ်ထား တယ်။  ရွက်လှေကို ၂၀၁၆ ခုနှစ်ကတည်း ကစစီးတာပါ။  အဲဒီတုန်းက အသက် ၁၆ နှစ်အောက်မှာစီးရမယ့် Optimist ဆိုတဲ့ လှေမှာ  လေးနှစ်လောက်စီးခဲ့ပြီး နိုင်ငံ တကာပွဲတွေပြိုင်တယ်၊ ၂၀၁၇  မလေးရှား Sea Games ၊   ၂၀၁၉ ခုနှစ်  ဖိလစ်ပိုင် Sea Games တွေမှာ ဝင်ပြိုင်ထားတယ်။ အခြား   ဖိတ်ခေါ်ပြိုင်ပွဲတွေ၊   World Championship,  Asian & Oceanian  ပြိုင်ပွဲတွေမှာ     ဝင်ပြိုင်ထားပါတယ်။ နိုင်ငံတကာပွဲတွေ ဝင်ပြိုင်တုန်းက ၂၀၁၈ ဟောင်ကောင်မှာလုပ်တဲ့    ပွဲမှာတော့ ယောကျ်ားလေး Overall  မှာ  တတိယ ရတယ်။ Under 12 မှာ ပထမရထားပါ တယ်။ ၂၀၁၈   ခုနှစ် စင်ကာပူ   National   Championship မှာလည်း  Under 12 မှာ ဒုတိယရထားပါတယ်။
ရွက်လှေအားကစားကျတော့ တခြား အားကစားနည်းတွေနဲ့  လုပ်ရတာချင်း တူတယ်ဆိုပေမယ့်     ရွက်လှေမှာက ကိုယ့်ရဲ့    ကြံ့ခိုင်မှုတွေ   လိုအပ်သလို၊ တွေးခေါ်မှုအပိုင်းကအစ လိုအပ်တယ်။ ပြိုင်ပွဲတစ်ပွဲ    ဝင်ပြိုင်ပြီဆိုကတည်းက လှုပ်ရှားမှုတွေ      ဘာတွေစပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံး    အသုံးပြုရသလို ဦးနှောက်ကလည်း ကြိုပြီးခန့်မှန်းရတယ်။ 
ရွက်လှေက နှစ် ၁၀၀ ပြည့်ပြီဆိုတော့  ရှေ့ကစပြီးလုပ်ခဲ့တဲ့ လူကြီးတွေ သူတို့ တွေ  ကြိုးစားပမ်းစားလုပ်ခဲ့လို့  ထင်ပါ တယ်။ သူတို့တွေ အစဉ်အဆက်ထိန်းသိမ်း လာလို့လည်း  ဒီအချိန်ထိ   ဖြစ်လာတာ၊ လေးစားမိပါတယ်၊      ကိုယ်တွေကလည်း ရှေ့က      လူကြီးတွေကြိုးစားခဲ့သလို     ဆက်ပြီးကြိုးစားမှ အဓွန့်ရှည်မှာပါ။”
မောင်ခွန်ထွန်းဦး(ဆုရအားကစားသမား)
“ဝင်ပြိုင်ခဲ့တာကတော့ ပြိုင်ပွဲ နှစ်ခု ပေါ့။   ဆုရခဲ့တာကတော့   Sharpie B  မှာချန်ပီယံပေါ့။ ပြိုင်ပွဲတွေက ငယ်ငယ် ကတည်းကပြိုင်တာ  အသက်   ကိုးနှစ် ကတည်းက လှေစစီးတာပါ။ နိုင်ငံတကာ ပြိုင်ပွဲတွေ   ဝင်ပြိုင်ဖူးပါတယ်။ ဆုရခဲ့တာ မရှိပါဘူး။ စင်ကာပူ National Champion- ship ရယ်၊  ထိုင်းပတ္တရားပြိုင်ပွဲ၊ လာမယ့် ပြိုင်ပွဲတွေမှာလည်း အကောင်းဆုံးကြိုးစား သွားမှာပါ။ ထိုင်းနိုင်ငံမှာကျင်းပမယ့်  Sea Games      ပြိုင်ပွဲမှာလည်း  အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ၊ ဆုတံဆိပ်တွေ ရလာ မယ်လို့ မျှော်လင့်မိပါတယ်။”