
စစ်တွေ စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်နေသည်ကို တွေ့ရ သည့်အတွက် ကော်မတီဝင်များကိုလည်း ကျေးဇူး တင်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး ကာလတွင် ပြည်နယ်အတွင်းကော်မတီ(၆)ရပ်ဖြင့် ဆောင်ရွက်နေ ပါကြောင်း၊ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ စာရင်းဇယားများမှန်ကန်ရေးကို စနစ်တကျဖြင့် လုပ်ဆောင်ပေးကြစေလိုကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ပြီးမြောက်သွားသည့်အခါ တွင် တိကျမှန်ကန်ပြီး စာရင်းဇယားစနစ်တကျဖြင့် မှတ်တမ်းများကျန်ရှိနိုင်အောင် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများကလည်း ကော်မတီအလိုက် ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိမှု၊ ဖြန့်ခွဲမှုများ မှတ်တမ်းမှတ်ရာများပြုစုပြီး ဖြန့်ခွဲရာတွင်လည်း မြို့နယ်အလိုက်ဖြန့်ခွဲမှုများ ကို အသေးစိတ်ဆောင်ရွက်ထားရန်လိုအပ်မည်ဖြစ် ကြောင်း၊ ယခုအစည်းအဝေးတွင် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များကို အခြေခံ၍ ပြန်လည်ဆွေးနွေး ပေးမည်ဖြစ်ပြီး လက်ရှိဆောင်ရွက်နေသည့်ကဏ္ဍများ တွင်လည်း လိုအပ်ချက်များရှိပါက ပြန်လည်တင်ပြ ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်း တိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်းပြီး ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ကော်မတီ အလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ အလှူငွေပေးအပ်ပွဲကို အဆိုပါ အစည်းအဝေးခန်းမ၌ကျင်းပရာ စွမ်းအင်ဝန်ကြီး ဌာနမှ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဒဏ်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများ၏ ပြန်လည် ထူထောင်ရေးကိစ္စရပ်များတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် ၃၀၁၂၀၀၀ တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများ ကို ပေးအပ်လှူဒါန်းရာ အလှူငွေလက်ခံရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)