ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

စစ်တွေ   မေ   ၇
ရခိုင်ပြည်နယ်     အစိုးရအဖွဲ့က  ကြီးမှူးကျင်းပသော     နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲ ကို  မေ  ၆  ရက်   ညနေပိုင်းက စစ်တွေမြို့   ဓညဝတီအားကစား ခန်းမ၌ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင်       ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း က  နိုင်ငံတော်အနေဖြင့်  နှစ်စဉ်  နှစ်တိုင်း     နွေရာသီအားကစား သင်တန်းကို    တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့ရခိုင် ပြည်နယ်တွင်လည်း      ခရိုင်နှင့် မြို့နယ်အချို့တွင်       ဖွင့်လှစ် သင်ကြား   ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့   နွေရာသီအားကစား သင်တန်းများကို    တက်ရောက် သင်ကြားကြမည့်  သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သက်ဆိုင်ရာ       အားကစားနည်း အလိုက် နည်းပြများက ကျွမ်းကျင် အောင် လေ့ကျင့်ပေးသွားမည်ဖြစ် သည့်အတွက် ကြိုးစားသင်ယူကြ ရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍       ပြည်နယ် ဝန်ကြီးချုပ်     ဦးထိန်လင်းက ပညာရေးဌာနသို့     အားကစား ပစ္စည်းများပေးအပ်ရာ ပြည်နယ် ပညာရေးမှူးက   လက်ခံရယူသည်။
ထို့နောက်   ရခိုင်ကန်ဒိုအဖွဲ့၊ ကရာတေးဒိုအဖွဲ့နှင့် ပညာရေးနှင့် လေ့ကျင့်ရေး  ကျောင်းသူများက Fitness Dance   သရုပ်ပြသကြရာ   ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြ အဖွဲ့များကို    ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ 
တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ - ဝင်းမင်းစိုး