ရခိုင်ပြည်နယ်ဝန်ကြီးချုပ် (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲယှဉ်ပြိုင်နေမှုကြည့်ရှုအားပေး

 

စစ်တွေ   စက်တင်ဘာ   ၁၃


(၂၃)ကြိမ်မြောက်  ရခိုင်ပြည်နယ် အဆင့်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲ ဒုတိယနေ့ကို  ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပ လျက်ရှိရာ     ပြည်နယ်ဝန်ကြီးချုပ်        ဒေါက်တာ     အောင်ကျော်မင်း၊ ပြည်နယ်အစိုးရ    အဖွဲ့ဝင်များ၊​ ဌာနဆိုင်ရာများ၊  လူမှုရေးအသင်း အဖွဲ့များ၊   အကဲဖြတ်အမှတ်ပေး ဒိုင်အဖွဲ့ဝင်ပညာရှင်များ၊ ပြိုင်ပွဲဝင် များ၊ အနုပညာဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ  လာရောက် ကြည့်ရှုအားပေးသည်။

 


ပြည်နယ်အဆင့် အဆို၊ အက၊    အရေး၊    အတီးပြိုင်ပွဲ   ဒုတိယနေ့    နံနက်ပိုင်း၌   အဆို (ခေတ်ဟောင်း/ကာလပေါ်    ဘာသာရပ်အဖြစ်  အခြေခံပညာအဆင့် အသက် ၁၀ - ၁၅နှစ်  အမျိုးသား၊ အမျိုးသမီး၊ အသက် ၁၅ - ၂၀ နှစ်၊ အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲဝင် များ ပါဝင်ယှဉ်လျက်ရှိပြီး နေ့လယ် ပိုင်းတွင်  အဆို(ခေတ်ဟောင်း/ ကာလပေါ် )   ဘာသာရပ်အဖြစ် အဆင့်မြင့်ပညာအဆင့် အမျိုးသား နှင့်     အမျိုးသမီးပြိုင်ပွဲဝင်များ၊ ဝါသနာရှင်အဆင့်      (ဒုတိယ) အမျိုးသမီးနှင့်   ဝါသနာရှင်အဆင့် (ပထမ - ဒုတိယ)     အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင်များ   ပါဝင် ယှဉ်ပြိုင်လျက်ရှိရာ   စုစုပေါင်း အဆို ပြိုင်ပွဲဝင်  ၄၆  ဦး   ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း    သိရ သည်။

 


ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှု ကို      ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ    လာရောက် ကြည့်ရှုအားပေးပြီး     လိုအပ် သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။

 


ပြည်နယ်အဆင့်      အဆို၊  အက၊      အရေး၊      အတီးပြိုင်ပွဲကို စက်တင်ဘာ  ၁၂  ရက်မှ ၁၆ ရက် အထိ   ကျင်းပလျက်ရှိရာ  အဆို၊ အက၊ အတီးပြိုင်ပွဲများကို စစ်တွေမြို့ ဦးဥတ္တမခန်းမ၌  လည်းကောင်း၊ အရေးပြိုင်ပွဲကို       စစ်တွေမြို့ ယဉ်ကျေးမှုပြတိုက်၌      လည်း ကောင်း  ကျင်းပလျက်ရှိပြီး  ပြိုင်ပွဲ တွင်    ပြည်နယ်အတွင်းရှိ  ခရိုင် အသီးသီးမှ ပြိုင်ပွဲဝင် ၁၃၆ ဦး တို့က  သက်ဆိုင်ရာ  ဘာသာရပ်အလိုက်    ပါဝင်ယှဉ်ပြိုင်  လျက်ရှိကြောင်း သိရသည်။                

တင်ထွန်း