
နေပြည်တော် ဇွန် ၂၈
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရွှေဦးရာဇ်လယ်ယာဝန်ဆောင်မှု သမဝါယမအသင်းနှင့် ကျောက်တော်မြို့နယ် ဒေါင်းတော်ယိုးလယ်ယာ ကုန်ထုတ်သမဝါယမအသင်းများသည် အသင်းသားပိုင် လယ်ယာမြေ များတွင် မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် အသင်းပိုင် လက်တွန်း ထွန်စက်၊ ဂွန်ဒေါင်းထွန်စက်များဖြင့် ထွန်ယက်ပြုပြင် ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် တစ်ဧကလျှင် ငွေကျပ် ၄၀၀၀၀နှုန်းဖြင့် လယ်ယာမြေဧက ၄၅၅ဧကကို ထွန်ယက်ပြုပြင်ပေးခဲ့ပြီး ထွန်ယက်ခ များကိုလည်း စပါးပေါ်ချိန်မှသာ ပေးချေရမည်ဖြစ်၍ အသင်းသား တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်