
နေပြည်တော် ဒီဇင်ဘာလ ၂၆
ရခိုင်ပြည်နယ် သမဝါယမ အသင်းစုချုပ် (လီမိတက်) သည် တောင်သူများ စပါးပေါ်ချိန်တွင် သင့်တင့်မျှတသော စပါးစျေးနှုန်း များရရှိစေရန်၊ စျေးကွက် တည်ငြိမ်မှုများ ရရှိစေရန်နှင့် အသင်းသားတောင်သူများ အကျိုး စီးပွား ဖြစ်ထွန်းစေရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ စပါးဝယ်ယူရောင်းချ ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိရာ ဧည့်မထစပါးတစ်တင်းလျှင် ငွေကျပ် ၆၀၀၀ နှုန်းဖြင့် စပါး ၄၁၈ တင်းကို ဝယ်ယူခဲ့ပြီး ကျောက်တော်မြို့နယ် အသင်းစု ချုပ်ပိုင် ကာဒီဆန်စက်တွင် သိုလှောင်ထားရှိသည်။
ထို့ပြင် စပါးလှိုင်လှိုင်ပေါ်ချိန် တွင် ဧည့်မထစပါးသာမက ပေါ်ဆန်းစပါးများကိုပါ ထပ်မံ ဝယ်ယူခြင်း၊ ကြိတ်ခွဲခြင်းလုပ်ငန်း များ ဆောင်ရွက်ပြီး အသင်းသား ပြည်သူများနှင့် ဒေသအတွင်းရှိ စားသုံးသူပြည်သူများထံသို့ ဒေသ ပေါက်ဈေးထက် သက်သာသော နှုန်းထားများဖြင့် ဖြန့်ဖြူးရောင်းချ ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်