ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်

 

နေပြည်တော်   ဩဂုတ်   ၂၆  


အမျိုးသား      သဘာဝဘေး      အန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှု ကော်မတီ၏လမ်းညွှန်မှု၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်း ကော်မတီ ၏   စီစဉ်ကြီးကြပ်မှုဖြင့်    ရခိုင် ပြည်နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများတွင်  အသုံးပြုရန်အတွက် MV Mercury Force သင်္ဘောသည်   ကာကွယ် ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့မှ ပေးပို့သည့် ၁၀ မီတာ ကွန်ကရစ်မီးတိုင် ၁၅၁၇ တိုင်၊ ၉ မီတာ ကွန်ကရစ်မီးတိုင်  ၁၃၅၅ တိုင် စုစုပေါင်း ၁၉၄၂ ဒသမ ၄၆ တန်ကို  လည်းကောင်း၊   MV Weru    Pack  Kha   သင်္ဘော သည် ကာကွယ်ရေးဝန်ကြီးဌာနနှင့်  လူမှုဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာတို့မှ  ပေးပို့သည့်    ဆန် ၂၄ ပြည်ဝင် အိတ် ၃၅၀၀၀၊ ဒေါင့်သံ ချောင်း တန် ၄၀၀၊ ဖလန်းသံပြား ချောင်း တန် ၂၀၊ စားသောက်ကုန်  နှစ်တန်   စုစုပေါင်း   ၂၁၇၁   ဒသမ ၅၉ တန်ကို     လည်းကောင်း  တင်ဆောင်၍ ယနေ့  နံနက်ပိုင်း တွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေ မြို့သို့ ထွက်ခွာသွားသည်။ 


ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မေ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်    စစ်ရေယာဉ်များ အပါအဝင်   ရေယာဉ်အစင်း  ၃၀ ဖြင့်  ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊     ဆေးဝါးနှင့်  ကျန်းမာရေးပစ္စည်း၊    လူသုံးကုန် နှင့် စားသောက်ကုန်များ   ပါဝင် သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၄၀၃၉၂ ဒသမ ၀၃ တန် နှင့်  ဒီဇယ်   ၂၄၉၇၆၂  ဂါလန်၊  Octane 92 ၁၉၉၈၈၆   ဂါလန် တို့ကို     ပို့ဆောင်ပေးခဲ့ကြောင်း      သိရသည်။ 


သတင်းစဉ်