
နေပြည်တော် မေ ၂၅
တပ်မတော်အနေဖြင့် သဘာဝ ဘေးဒဏ်သင့်ဒေသများသို့ ကူညီ ကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့ စေလွှတ်၍ လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည့် အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီ ထောက်ပံ့ရေးပစ္စည်းများ၊ အမျိုး သား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်း များကိုလည်း တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သဘာဝ ဘေးဒဏ်သင့်ဒေသများတွင် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်း များတွင် ကူညီဆောင်ရွက်ပေးကြ မည့် တပ်မတော်သားများ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ အာဆီယံ နိုင်ငံများမှ လှူဒါန်းသည့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ ဆေးကုသရေးဆိုင်ရာ ပစ္စည်းများ၊ ပြန်လည် တည်ဆောက်ရေး ဆိုင်ရာ ပစ္စည်းများ၊ ကူညီကယ် ဆယ်ရေးပစ္စည်းများ၊ မိုးကာလိပ် များ၊ အဝတ်အထည်များ၊ ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေ လေဆိပ်သို့ တပ်မတော်လေယာဉ် များဖြင့် လေးကြိမ် ပို့ဆောင်ပေး ခဲ့သည်။
အဆိုပါ တပ်မတော်လေယာဉ် များဖြင့် ရောက်ရှိလာသောပစ္စည်း များကို တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ သို့ ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်