
ပုဏ္ဏားကျွန်း ဇွန် ၂၉
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရွှေဦးရာဇ်လယ်ယာ ဝန်ဆောင်မှုသမဝါယမအသင်းနှင့် ကျောက်တော်မြို့နယ် ဒေါင်းတော်ယိုး လယ်ယာကုန်ထုတ်သမဝါယမအသင်းများသည် အသင်းသားပိုင် လယ်ယာမြေများတွင် မိုးစပါးအချိန်မီစိုက်ပျိုး နိုင်ရေးအတွက် အသင်းပိုင် လက်တွန်းထွန်စက်၊ ဂွန်ဒေါင်း ထွန်စက်များဖြင့် ထွန်ယက်ပြုပြင်ဆောင်ရွက်လျက်ရှိရာ လယ်ယာမြေဧကစုစုပေါင်း ၄၅၅ ဧကကို တစ်ဧကလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ထွန်ယက်ပြုပြင် ဆောင်ရွက်ပေးသည်။ထွန်ယက်ခများကို စပါးပေါ်ချိန်တွင်သာ ပေးချေရမည်ဖြစ်၍ အသင်းသားတောင်သူများအနေဖြင့် မိုးစပါးများ စိုက်ပျိုးရာတွင် အဆင်ပြေလျက်ရှိပြီး သမဝါယမ ဝန်ဆောင်မှုကဏ္ဍသည် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
n