ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၃၂၉၁၂၉ ဦး ကျောင်းအပ်နှံထားလျက်ရှိ

 

စစ်တွေ    မေ     ၃၀
မြန်မာတစ်နိုင်ငံလုံး    အနေဖြင့် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင်  ဖွင့်လှစ်သွားမည် ဖြစ်ရာ      ရခိုင်ပြည်နယ်အတွင်း ရှိ အခြေခံပညာကျောင်းများကို လည်း ဖွင့်လှစ်နိုင်ရန်စီစဉ်လျက် ရှိကြောင်း ရခိုင်ပြည်နယ် ပညာ ရေးမှူးရုံးမှ သိရသည်။ 
ထိုသို့ ကျောင်းများဖွင့်လှစ်နိုင် ရေးအတွက် အခြေခံပညာကျောင်း များ    ကျောင်းအပ်နှံရေးရက် သတ္တပတ်အဖြစ် မေလ ၂၃ ရက်မှ ၃၁ ရက်အထိ  ဆောင်ရွက်လျက် ရှိရာ   ရခိုင်ပြည်နယ်တွင်   ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်း များနှင့်    ဘုန်းတော်ကြီးသင် ကျောင်းများ၌ ယနေ့   မေ ၃၀ ရက်ထိ ကျောင်းသား ကျောင်းသူ ၃၂၉၁၂၉ ဦး ကျောင်းအပ်နှံထားပြီး ဖြစ်ကြောင်း သိရသည်။
ကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းအပ်လက်ခံနေမှုနှင့် ပတ် သက်၍   စစ်တွေမြို့   အမှတ်(၄) အခြေခံပညာ    အထက်တန်း ကျောင်း  ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်က  “ကျွန်တော်တို့ ကျောင်းမှာ မေ ၂၃ ရက် ကတည်း က စတင်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်    အစီအစဉ်နဲ့ ကျောင်းအပ်   လက်ခံလျက်ရှိပါ တယ်၊ ဒီလို  ကျောင်းအပ်လက်ခံ လာခဲ့တာမှာ       ဒီနေ့ဆိုရင် ကျောင်းသား ကျောင်းသူ  ၆၀၉ ဦး    လက်ခံထားပြီး   ဖြစ်ပါတယ်၊ အတန်းလိုက်ဆိုရင် Grade – 6 မှာ ကျောင်းသား  ၅၁    ဦး၊ ကျောင်းသူ ၆၃ ဦး၊ Grade – 8 မှာ ကျောင်းသား ၃၁ ဦး၊ ကျောင်းသူ ၄၆ ဦး၊ Grade – 9 မှာ ကျောင်းသား ၅၄ ဦး၊ ကျောင်းသူ ၆၇ ဦး၊ Grade– 10 မှာ ကျောင်းသား   ၄၁  ဦး၊ ကျောင်းသူ ၄၉ ဦး၊ Grade – 11 မှာ ကျောင်းသား ၄၇ ဦး၊ ကျောင်းသူ ၅၀၊  Grade – 12  မှာ  ကျောင်း သား ၄၄ ဦး၊ ကျောင်းသူ ၆၆ ဦး အပ်နှံထားပြီး ဖြစ်ပါတယ်၊ ဒီနှစ် က ဆိုင်ကလုန်းမုန်တိုင်း  (မိုခါ)တိုက်ခတ်မှုကြောင့်    မုန်တိုင်း အလွန်ကာလမှာ ကျောင်းဆောင် တွေကလည်း  အပျက်အစီးတွေ ရှိတော့ ကျောင်းအပ်လက်ခံရတာ အခက်အခဲ      နည်းနည်းတော့ ရှိခဲ့ပါတယ်၊ အခုဆိုရင် ကျောင်း ဆောင်တွေလည်း ပြန်လည်မိုးကာ ပြီးဖြစ်တဲ့အတွက် ကျောင်းသား ကျောင်းသူတွေ ကျောင်းတက်ဖို့ အတွက်    ကျောင်းဆောင်တွေ မိုးတာ၊    ပြုပြင်တာဆိုရင်    ၉၉ ရာခိုင်နှုန်းလောက် ပြီးစီးသွားပါပြီ၊ ကျောင်းသား   ကျောင်းသူတွေ လည်း   ကျောင်းတက်ဖို့အတွက် အမိုးအကာအောက်မှာ လုံခြုံစွာနဲ့ နွေးနွေးထွေးထွေး စာသင်နိုင်ပါ ပြီ၊  ကျောင်းသားမိဘတွေနဲ့  အချို့ ပြည်သူတွေက ဒီလာမယ့် ဇွန် ၁ ရက်မှာ ကျောင်းတွေဖွင့်လှစ်မယ် ဆိုတာကို   ဖြစ်နိုင်မှာမဟုတ်ဘူး လို့    သံသယစိတ်တော့ရှိကြပါ လိမ့်မယ်၊ တွေးနေကြပါလိမ့်မယ်၊ ကျွန်တော်တို့ ကျောင်းအနေနဲ့က တော့    သတ်မှတ်ထားတဲ့နေ့မှာ ကျောင်းဖွင့်လှစ်နိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီခင်ဗျာ၊   ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) ကြောင့်   ကျောင်း ဆောင်သစ်တွေ၊ ကျောင်းဆောင် ဟောင်းတွေပါ ပျက်စီးတဲ့နေရာ မှာ    ခေါင်းမိုးအပြင်    မြားတွေ၊ ဒိုင်းတွေပါ     ပျက်စီးခဲ့ပါတယ်၊ အခုဆိုရင် ပြန်လည်ပြုပြင်ခဲ့တာ ကြောင့်  ၉၉   ရာခိုင်နှုန်းကျော် ပြီးစီးသွားပါပြီ၊ ကျွန်တော်ကတော့ ကျောင်းအုပ်ဆရာကြီး     တစ်ဦး အနေနဲ့     ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက်   ကျောင်းဖွင့်လှစ် သင်ကြားနိုင်အောင်  လုပ်ဆောင် ထားပါပြီ။ မုန်တိုင်းမတိုက်ခတ်မီ ကာလနဲ့ မုန်တိုင်းအလွန်ကာလ အခြေအနေကတော့ သိပ်မကွာ တော့ပါဘူး။   အားလုံးကျောင်း ဖွင့်လှစ်သင်ကြားဖို့  အဆင်သင့် ဖြစ်နေပါပြီ”    ဟု   ပြောကြား ခဲ့သည်။
ရခိုင်ပြည်နယ်တွင်   ၂၀၂၃-၂၀၂၄   ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုအနေဖြင့်   မေ ၃၀   ရက်အထိ   KG    တန်းတွင် ၃၂၀၀၄ ဦး၊ G -1 တွင် ၃၆၂၄၅ ဦး၊ G - 2 တွင် ၄၂၄၆၉ ဦး၊ G -3 တွင် ၄၁၄၂၃ ဦး၊ G – 4 တွင် ၃၁၂၀၃ ဦး၊ G - 5 တွင် ၃၂၇၁၇ ဦး၊ G - 6 တွင် ၃၀၀၉၈ ဦး၊ G – 7 တွင် ၂၄၅ ဦး၊ G -8 တွင် ၂၄၄၆၇ ဦး၊  G - 9  တွင် ၂၀၃၀၇ ဦး၊ G -10  တွင်   ၁၄၀၁၄ ဦး၊ G-11 တွင် ၁၂၆၂၁ ဦးနှင့် G-12 တွင် ၁၁၃၁၅ ဦး ကျောင်းအပ် လက်ခံထားပြီးဖြစ်သည်။
ကျောင်းအပ်နှံမှုနှင့် ပတ်သက် ၍   စစ်တွေမြို့   ကျေးပင်ကြီး ရပ်ကွက်မှာ နေထိုင်သည့် Grade- 8     ကျောင်းသားမိဘတစ်ဦး ဖြစ်သော    ဒေါ်ရွှေလဲ့လဲ့သစ်က “မုန်တိုင်းအလွန်ကာလ ကလေး တွေ   ကျောင်းတက်ရတော့မှာ ဆိုတော့ နည်းနည်းတော့ စိတ်ပူမိ ခဲ့ပါတယ်၊ အခုတော့   ကျောင်း ဆောင်တွေကို ပြန်လည်ပြင်တာ တွေ၊ ပြုပြင်ပြီးစီးနေတာတွေကို မြင်ရတော့  စိတ်ချမ်းသာသလို၊ ဝမ်းလည်း   ဝမ်းသာမိပါတယ်၊ ဇွန် ၁ ရက်အမီ ကျောင်းဖွင့်လှစ် သင်ကြားဖို့ လုပ်ထားတာတွေ့ရ တော့ ကလေးတွေ ကျောင်းတက် ဖို့      အသင့်ဖြစ်နေပြီလို့လည်း မြင်မိပါတယ်၊ အခုလည်း  ဆရာ ကြီးက ကျောင်းသားမိဘတွေကို တွေ့ဆုံပြီးတော့   ပုံနှိပ်စာအုပ် တွေ၊ ဗလာစာအုပ်တွေ၊   ခဲတံတွေ ကို အကုန်ထုတ်ပေးတာတွေကို တွေ့ရပါတယ်၊   ဒီလိုအခြေအနေ မျိုးမှာ  ဆရာ၊ မိဘ၊   ကျောင်း ကော်မတီတွေ ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်သွားရင်တော့ ကျောင်း တော်ကြီးက     စည်ပင်သာယာ လှပလာမှာပါ”ဟု  ပြောကြား သည်။
အလားတူ Grade – 8 တွင် ပညာသင်ကြားရန်    အတွက် ကျောင်းအပ်နှံနေသည့် ကျောင်း သား    မောင်သန်းထူးဇော်က “သားက  စစ်တွေမြို့  ပြည်တော် သာရပ်ကွက်မှာ     နေပါတယ်၊ မုန်တိုင်း    တိုက်တုန်းကတော့ မြောက်ဦးမြို့ကို မုန်တိုင်းရှောင်ဖို့ သွားခဲ့ကြပါတယ်၊   မုန်တိုင်းပြီး တော့ သားတို့ပြန်လာကြတဲ့အခါ ကျောင်းတွေ၊ အိမ်တွေပျက်စီးနေ တာ တွေ့ရတော့  စိတ်ပျက်မိခဲ့ပါ တယ်၊  အခုတော့   ကျောင်းတွေ လည်း အမိုးတွေ ပြန်လည်ပြုပြင် ပြီးကြပါပြီ၊     လမ်းတွေလည်း သွားလို့ရနေပါပြီ၊    ဒါကြောင့် ကျောင်းတက်ရတော့မှာ ဖြစ်တဲ့ အတွက်     ပျော်ရွှင်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ တစ်နှစ် လုံးခွဲခွာခဲ့ရတဲ့   သူငယ်ချင်းတွေ နဲ့   ပြန်လည်ဆုံတွေ့ရတော့မှာ ဖြစ်တဲ့အတွက်ကြောင့်    ဖြစ်ပါ တယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဆိုင် ကလုန်းမုန်တိုင်း   (မိုခါ)  ဒဏ် ကြောင့် သာသနိကအဆောက်အဦ များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ရုံးအဆောက် အဦများ၊  လူနေအိမ်များစသည် ဖြင့်    ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ယခုအခါ     နိုင်ငံတော်အစိုးရ၊ တပ်မတော်၊   ပြည်နယ်အစိုးရ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊    စေတနာ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်း များက    အချိန်မီကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးကို  အင် တိုက်အားတိုက် ဆောင်ရွက်လျက် ရှိသည်။  
တွေ့ဆုံမေးမြန်း - တင်ထွန်း
ဓာတ်ပုံ - တင်ထွန်း(ပြန်/ဆက်)