ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မဲစာရင်းများ မှန်ကန်ရေး မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

 

စစ်တွေ   အောက်တိုဘာ   ၆


ပြည်ထောင်စု     ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲ တွင်   မဲစာရင်းမှန်ကန်စေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ အခြေခံမဲစာရင်း   မှန်ကန်စေ ရေးဆောင်ရွက်ရာတွင်  အခြေခံမဲစာရင်းများ  ဖြစ် သည့်   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏   ပုံစံ- ၆၆/၆ စာရင်းနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏   ရပ်ကွက်၊   ကျေးရွာအုပ်စု အတွင်း    အမှန်နေထိုင်သည့်   စာရင်းများ   ပြည့်စုံ မှန်ကန်ရေးသည် အရေးကြီးသည့်   အခြေခံအချက် ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြောကြားသည်။

 

ရခိုင်ပြည်နယ်အတွင်း  ရွေးကောက်ပွဲမဲစာရင်း များ    မှန်ကန်ရေး    မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း   ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲကို  ယနေ့  မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌  ကျင်းပရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က   ယင်းသို့   ပြောကြား သည်။

 


ဆက်လက်၍      ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် စာရင်းမှန်ကန်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့်     ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ဖြင့်  ပူးပေါင်း၍ မြေပြင်လူဦးရေစာရင်းများ  တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်   ဆောင်ရွက်လျက်ရှိ ရာ    ရခိုင်ပြည်နယ်အတွင်းရှိ    ၁၇  မြို့နယ်အား ကနဦးတိုက်ဆိုင်စစ်ဆေးခြင်းများ   ဆောင်ရွက်ခဲ့ပါ ကြောင်း၊  ရွေးကောက်ပွဲကော်မရှင်မှ ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး  မြေပြင်တွင် အမှန် နေထိုင်မှု မရှိသူ၊ သေဆုံးသူများအား ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်    ပြည်သူ့အင်အားဝန်ကြီးဌာနတို့    ပူးပေါင်း၍ စာရင်းပယ်ဖျက်နိုင်ရေး     ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊   ပယ်ဖျက်ပြီးသော   စာရင်းများကိုလည်း မြို့နယ်ကော်မရှင်သို့   ပေးပို့၍   မြို့နယ်ကော်မရှင်မှ စာရင်းပယ်ဖျက်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် မဲစာရင်းမှန်ကန်စေရေးအတွက်  လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တစ်ခုတည်းက ဆောင်ရွက်၍ မရသည့်အတွက် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဦးဆောင်ပြီး  လဝက၊  ရွေးကောက်ပွဲ ကော်မရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည့် အတွက်ကြောင့်  အားလုံးပေါင်းစပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း  ပြည်နယ်ဝန်ကြီး ချုပ်က ပြောကြားခဲ့သည်။

 


ဆက်လက်၍        ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုးက     မဲစာရင်းများမှန်ကန်ရေးမြေပြင် လူဦးရေစာရင်းများ        တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းအား   ရှင်းလင်းတင်ပြသည်။   ထို့နောက် တက်ရောက်လာကြသော   ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ Virtual  Online စနစ်ဖြင့် တက်ရောက် ကြသည့်   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်အဆင့်    ဌာနဆိုင်ရာများက   မဲစာရင်းများ မှန်ကန်ရေး   မြေပြင်လူဦးရေစာရင်းများ  တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ၊ လိုအပ်ချက်များကို တင်ပြကြရာ    ပြည်နယ်ဝန်ကြီးများက   ဖြည့်စွက် ရှင်းလင်းပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။                   

သတင်းစဉ်