
နေပြည်တော် ဇန်နဝါရီ ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် နေရပ်စွန့်ခွာ ရသူများအတွက် လူသားချင်းစာနာမှု အကူအညီပေးအပ်ခြင်း ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင် ရေးနှင့် သက်ဆိုင်သော လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးထားသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့အစည်းမှ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယကိုယ်စားလှယ် Ms. Yukiko Iriyama တို့ ဦးဆောင် သော အဖွဲ့အား ယနေ့နံနက်ပိုင်းက ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် UNHCR ဌာနေ ကိုယ်စားလှယ်အနေဖြင့် မကြာသေးမီ က မြန်မာနိုင်ငံတွင် စတင်တာဝန် ထမ်းဆောင်ပြီးနောက် ရခိုင်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့ရှိ UNHCR မှ လုပ်ငန်းများ ဆောင်ရွက်နေမှုများ ကို သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာ အစိုးရဌာနများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါခရီးစဉ် တွေ့ရှိချက်များနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အချက်များ၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသည့် Quick Impact Projects (QIPs)များ၏ တိုးတက်မှုများ၊ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ ပြည်နယ်အစိုးရများ၊ ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) တို့နှင့် ပူးပေါင်း၍ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာ ချထားရေး၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်း ရေးနှင့် ပဋိပက္ခများချုပ်ငြိမ်းနိုင်ရေး အတွက် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများ သာတူညီမျှရရှိရေး အတွက် ညှိနှိုင်းကြိုးပမ်းဆောင်ရွက် နေမှုများ၊ ပြန်လည်နေရာချထားရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အရေးပါသည့် မိုင်းအန္တရာယ် ကင်းစင်ရေးနှင့် သက်ဆိုင်ရာ နယ်ပယ်များတွင် UNHCR အဖွဲ့အစည်းနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေ များကို ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်