ရခိုင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးဖြစ်သော်လည်း ကျန်ရှိသူများ၏ စာရင်းများကို ကျေးရွာအလိုက်ပြုစုပေးပို့နိုင်ရေး ဒေသခံ တိုင်းရင်းသားကိုယ်စားလှယ်များကို တွေ့ဆုံအသိပေးပြောကြား

 

 

နေပြည်တော်   မေ   ၂၈ 


လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးခင်ရီသည်   ရခိုင် ပြည်နယ်အစိုးရအဖွဲ့၊    တိုင်းရင်း သားရေးရာဝန်ကြီး ဦးတင်လှနှင့် တာဝန်ရှိသူများနှင့်အတူ  ယမန် နေ့ မွန်းလွဲ ၁ နာရီခွဲတွင် စစ်တွေ မြို့ ပြည်နယ်အစိုးရဧည့်ဂေဟာ ဧည့်ခန်းမ၌      ရခိုင်ပြည်နယ် အတွင်းရှိ  ဒေသခံတိုင်းရင်းသား လူမျိုးစုအဖွဲ့များဖြစ်ကြသည့် မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရာမာကြီး၊ ရခိုင်လူမျိုးစု စာပေနှင့်ယဉ်ကျေးမှု အဖွဲ့     ကိုယ်စားလှယ်များကို တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်   ပြည်ထောင်စု ဝန်ကြီးက  နိုင်ငံတော်အကြီးအကဲ အနေဖြင့်    နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသည့်  တိုင်းရင်းသား အားလုံး၏ အရေးကိစ္စများအား အလေးထား     ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊   ယခုကာလ သည်လည်း         တိုင်းရင်းသား စည်းလုံး   ညီညွတ်ရေးအတွက် အရေးပါသည့်    ကာလဖြစ်ပါ ကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ် အတွင်း    ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်     ထုတ်ပေးခြင်း လုပ်ငန်းကို  လျာထားသတ်မှတ် ချက်    ပြည့်မီကျော်လွန်ပြီးစီး အောင်  ဆောင်ရွက်ပြီးဖြစ်သော် လည်း  ဒေသခံတိုင်းရင်းသားများ ၏        နယ်မြေဒေသများတွင် အကြောင်း    အမျိုးမျိုးကြောင့် နိုင်ငံသားကတ်  မရှိသေးသူများ ကျန်ရှိနိုင်ပါကြောင်း၊     အဆိုပါ ကျန်ရှိသူများ၏  စာရင်းများကို ကျေးရွာအလိုက်ပြုစုပေးပို့နိုင်ရေးအတွက်    ဒေသခံတိုင်းရင်းသား လူမျိုးစု   ကိုယ်စားလှယ်များကို ယခုကဲ့သို့  သီးခြားခေါ်ယူတွေ့ဆုံ အသိပေး   ပြောကြားရခြင်းဖြစ်ပါ ကြောင်း၊  ထို့ပြင်  အခြားလိုအပ် ချက်များရှိပါကလည်း   ပွင့်ပွင့် လင်းလင်း ပြောကြားပေးစေလိုပါ ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက်  ဒေသခံတိုင်းရင်း သား လူမျိုးစုစာပေနှင့်ယဉ်ကျေးမှုအဖွဲ့   ကိုယ်စားလှယ်များက နိုင်ငံသားကတ်ရရှိမှု၊    နယ်မြေ ဒေသအလိုက်       နိုင်ငံသားကတ် မရှိသေးသူများ       စာရင်းနှင့် ဆက်လက်   ဆောင်ရွက်ပေးရန် လိုအပ်သည့်အခြေအနေ၊  ပညာ ရေး၊  ကျန်းမာရေး၊  လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးစသည့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  လိုအပ် ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့၊  တိုင်းရင်း သားရေးရာဝန်ကြီးနှင့်  တာဝန်ရှိ သူများက  ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး       ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ         ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီး  ဦးခင်ရီသည်  တာဝန်ရှိသူ များနှင့်အတူ            စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ  ဝန်ထမ်း များအား တွေ့ဆုံကာ ပြည်ထောင်စု ဝန်ကြီးက         ဌာနအနေဖြင့် နိုင်ငံခြားသား   ထိန်းသိမ်းရေးစီမံ ခန့်ခွဲမှုစနစ်  အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊   နိုင်ငံသားများ အတွက်   နိုင်ငံသားဖြစ်မှုဆိုင်ရာ စိစစ်ဆောင်ရွက်ရာတွင်   ဥပဒေ နှင့်အညီ         ဆောင်ရွက်နိုင်ရေး အခြေအနေ၊ ၂၀၂၄ ခုနှစ် လူဦးရေ နှင့်           အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အတွက်  ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ  ဆောင်ရွက်နေမှု၊ နိုင်ငံတော်မှ   အကောင်အထည် ဖော်       ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံ အကျဆုံးဖြစ်သည့်  e-ID စနစ် လုပ်ငန်း  ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍  ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများကို          နှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်