
တစ်နိုင်ငံလုံး ကျောင်းအတိုင်းအတာ အနေနဲ့ ဇွန်လ ၁ ရက်နေ့ကစပြီး ကျောင်းဖွင့်လှစ်မှာဖြစ်ပါတယ်။ ရခိုင် ပြည်နယ်အတွင်းမှာတော့ ကျွန်တော်တို့ က ဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်တဲ့ ကျောင်းနဲ့ ဇွန်လ တတိယပတ်မှာဖွင့်လှစ် နိုင်တဲ့ကျောင်းတွေဆိုပြီး အုပ်စုနှစ်စု ခွဲထားပြီး ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ မြို့နယ် ၁၇ မြို့နယ်ရှိတယ်။ အထက်တန်းအဆင့် သင်တဲ့ကျောင်း ၄၈၇ ကျောင်း၊ အလယ် တန်းအဆင့်၊ အလက၊ အလက (ခွဲ)၊ မူလွန်၊ ကျောင်းပေါင်း စုစုပေါင်း ၁၁၇၁ ကျောင်းရှိပါတယ်။ မူလတန်းအဆင့် သင်တဲ့ကျောင်းက ၁၅၃၅ ကျောင်းရှိပါ တယ်။ ကျောင်းပေါင်း ၃၁၉၃ ကျောင်း ရှိပါတယ်။ မိုခါမုန်တိုင်းဒဏ်ကြောင့် ကျောင်းများ ပျက်စီးခဲ့တာရှိတယ်။ ကျောင်းအဆောက်အအုံ ပျက်စီးခဲ့တာရှိ တယ်။အဲ့ဒီထဲမှာမှ ဇွန်လ ၁ ရက်နေ့မှာ ကျောင်းပေါင်း ၂၄၁၀ ကျောင်းကို ကျွန်တော်တို့ အချိန်မီဖွင့်လှစ်သွားမှာဖြစ် ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောင်းများအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့မှာ အချိန်မီဖွင့်လှစ်သွား မှာ ဖြစ်ပါတယ်။ ကျန်တဲ့ကျောင်းတွေကို တော့ ဇွန်လတတိယပတ်မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ကျောင်းများအားလုံးဇွန်လ တတိယပတ်မှာ ၁၀၀ ရာခိုင်နှုန်း ဖွင့်လှစ် ပေးသွားမှာဖြစ်တယ်။ ဒီမုန်တိုင်းဒဏ် ကြောင့် ကျောင်းများပျက်စီးမှုမှာ ပြန်ပြင် ရတဲ့ပမာဏက ကြီးမားပါတယ်။ သို့သော် ကျွန်တော်တို့က ကြိုးစားလုပ်ဆောင် လျက်ရှိပါတယ်။ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ ကြိုးစား လုပ်ဆောင်လျက်ရှိပါတယ်။
တပ်မတော်အနေနဲ့ရော နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့ပါ ပညာရေးကဏ္ဍကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ဥပမာ စစ်တွေဆိုရင် အထက ကျောင်း ပေါင်း ၁၇ ကျောင်းရှိပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ပြန်လည်ပြင်ဆင်နေရတာ တွေရှိတယ်။ ပြန်လည်ပြင်ဆင်မှု ရာခိုင်နှုန်းက ဒီနေ့အထိ ၆၀ ရာခိုင်နှုန်း လုပ်ပြီးပြီ။ သန့်ရှင်းရေးအားလုံး လုပ်ပြီး ပြီဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြောချင်တာကတော့ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူ များအနေနဲ့ ကျောင်းများကို ကျန်တဲ့ ပြည်နယ်နဲ့တိုင်းများလိုပဲ အချိန်မီတက် ရောက်ခွင့်ရမှာဖြစ်ပါတယ်။ အချိန်မီ ကျောင်းတက်ရောက်နိုင်ရေးကို ပြင်ဆင် ရေးလုပ်ငန်းများဆက်တိုက် အင်တိုက် အားတိုက် ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့ ပညာရေးကဏ္ဍကိုအလေးထားဆောင်ရွက်ပေးနေတဲ့အပြင် ကျောင်းများ အချိန်မီတက်ရောက်နိုင်ရေး၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ အချိန်မီရရှိနိုင်ရေး၊ ကျောင်းအပ်နှံမှုများ အဆင်ပြေချောမွေ့ စေရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး အလေးထားဆောင်ရွက် လျက်ရှိပါတယ်။
သတင်းစဉ်