ရခိုင်ပြည်နယ်အတွင်း ဒေသခံများအပါအဝင် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ရေးဆောင်ရွက်မည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ဆွေးနွေး

 

နေပြည်တော်   စက်တင်ဘာ   ၂၂


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည်  အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ  (ICRC)၏ မြန်မာနိုင်ငံ ဆိုင်ရာ   ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့်အဖွဲ့ကို   ယနေ့နံနက်  ၁၀  နာရီတွင် နေပြည်တော်ရှိ   အဆိုပါဝန်ကြီးဌာန    ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံရာတွင် ICRC အနေဖြင့် မြန်မာနိုင်ငံ တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီပေးရေးလုပ်ငန်းများကို   ကျန်းမာရေးဝန်ကြီး ဌာန အပါ အဝင် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအတွင်း ICRC ရုံးခွဲများ ဖွင့်လှစ်ထားရှိမှုနှင့်  နိုင်ငံခြားသားများအပါအဝင် ဝန်ထမ်းများ  ခန့်အပ်တာဝန်ပေး  ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း ဒေသခံများအပါအဝင် နေရပ် စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့်  ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်    လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးနိုင်ရန်   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ရေး  ဆောင်ရွက်မည့် အစီအစဉ်များနှင့် ယင်းလုပ်ငန်းစဉ်အပေါ် ပံ့ပိုးကူညီ ပေးနိုင်ရေး အခြေအနေများ၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ     ပြန်လည်လက်ခံရေး အတွက်   မြန်မာ-ဘင်္ဂလားဒေ့ရှ်   နှစ်နိုင်ငံ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေမှုနှင့်  UNDP-UNHCR တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနအနေဖြင့်  ICRC ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၏ ပြည်ဝင်ဗီဇာနှင့်နေခွင့် သက်တမ်း တိုးမြှင့်ရေးကိစ္စရပ်များ   ခွင့်ပြုဆောင်ရွက်ပေးမှုနှင့် လုပ်ငန်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊   လုပ်ငန်း လိုအပ်ချက်များအပေါ် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင် မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်