
နေပြည်တော် ဇူလိုင် ၂၈
ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန် ပေးထားပြီး ဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ရောက်ရှိနေ သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ အစိုးရရပ်ကွက် ရှိ ပင်လယ်ကမ်းခြေ ပွိုင့်အရှေ့ ကားလမ်းမ လမ်းဘေး ဝဲ/ယာ တစ်လျှောက်၌ ပေါက်ရောက်နေ သည့် ချုံနွှယ်၊ ပေါင်းပင်၊ မြက်ပင် များနှင့် အမှိုက်များ၊ သစ်ပင်၊ သစ်ကိုင်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများက သန့်ရှင်းရေးပြုလုပ် နေမှုကို ကြည့်ရှုအားပေးကြ သည်။
အလားတူ စစ်တွေမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ မြို့နယ် အဆင့် ဖွဲ့စည်းတာဝန်ပေးအပ် ထားသည့် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် တွေ့ဆုံသည်။ ယင်းနောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ် ပြန်လည် ထူထောင်ရေးအတွက် အာဆီယံ နှင့် အင်ဒိုနီးရှားနိုင်ငံများက ကူညီ ထောက်ပံ့ပေးသည့် ကုန်ပစ္စည်း များနှင့် အဝတ်အထည်များ အား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်