ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၁၉
ဆိုင်ကလုန်းမုန်တိုင်း   မိုခါတိုက်ခတ်မှု ကြောင့်  ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ တွင်     ပြန်လည်ထူထောင်ရေးလုပ်ငန်း များ    ဆောင်ရွက်နိုင်ရန်   ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို   ခန့်အပ် တာဝန်ပေးထားပြီးဖြစ်သည်။
လယ်မြေ ၈၅ ဧက 
စုပေါင်းထွန်ယက်
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း များ   ဆောင်ရွက်ရန်အတွက်   ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင် ပြည်နယ်  ဘူးသီးတောင်မြို့၌  ရောက်ရှိ နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ   ဒုတိယဗိုလ်ချုပ်ကြီး   အေးဝင်းသည်  ဌာနဆိုင်ရာ    တာဝန်ရှိသူများနှင့်အတူ နန်းရာကုန်းကျေးရွာရှိ လယ်မြေ ၈၅ ဧက အတွင်း စုပေါင်းထွန်ယက်ပွဲနှင့်  အကျိုး ဆောင်  တောင်သူများဖြင့် မျိုးစပါး မျိုးစေ့ ထုတ်စိုက်ခင်း ဆောင်ရွက်ရန် ပျိုးထောင် ထားရှိသည့်  ပျိုးခင်းများကို  ယူရီးယား မြေဩဇာနှင့်   စူပါဘိုကာရှိ   မြေဆွေး ရောစပ်၍    စုပေါင်းကြဲပက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး  (ယာပုံ)စူပါဘိုကာရှိ မြေဆွေးလက်တွေ့ပြုလုပ် ပြသနေမှုကို    ကြည့်ရှုအားပေးကာ   တောင်သူများအား   သဘာဝဓာတ်မြေ ဩဇာပြုလပ်ရာ၌ အသုံးပြုသည့်   မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  ပြုလုပ်ထားသော အသင့်သုံး EM ဖျော်ရည်ဘူးများပေးအပ်၍  လိုအပ်သည်များ မှာကြားသည်။
အလားတူ         ရသေ့တောင်မြို့၌ ရောက်ရှိနေသော ဗိုလ်ချုပ် အောင်မျိုးထွန်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌  ပြုလုပ်သည့်  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်     ဝါဆို သင်္ကန်း   ဆက်ကပ်လှူဒါန်းပွဲသို့   တက် ရောက်၍  သံဃာတော်များအား  ဝါဆို သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
မျိုးစပါးများ စိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုကြည့်ရှု
ထို့အတူ  စစ်တွေမြို့၌  ရောက်ရှိနေ သော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ဌာနဆိုင်ရာ     တာဝန်ရှိသူများနှင့်အတူ သိန်းတန်ကျေးရွာရှိ   ဒေသခံပြည်သူများ နှင့် တွေ့ဆုံ၍  မုန်တိုင်းအလွန်  ပြန်လည် ထူထောင်ရေး၊   ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် ပတ်သက်၍  ဆွေးနွေးပြောကြား ပြီး     တင်ပြချက်များအပေါ် လိုအပ်သည် များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။   ယင်းနောက်   ပျားလည်ချောင်း ကျေးရွာ၌  ထောက်ပံ့ပေးအပ်ထားသော   GW – 11   မျိုးစပါးများကို ကောက်စိုက် စက်များဖြင့်   စိုက်ပျိုးရန် ပျိုးထောင်ထားရှိ မှုများကို   သွားရောက်ကြည့်ရှုစစ်ဆေး သည်။
အလားတူ မောင်တောမြို့၌ ရောက်ရှိ နေသော    ဗိုလ်မှူးချုပ်  တင်ဆွေသည် ဌာနဆိုင်ရာ    တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သော ခရိုင်/ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ် မှုကော်မတီ၏   လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့  တက်ရောက်အမှာစကား ပြော ကြားပြီး တာဝန်ရှိသူများ၏  တင်ပြချက် များအပေါ်   လိုအပ်သည်များ   ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။  ထို့နောက် ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု ကွင်း အမှတ်(၉၆/ ဃ)   ကညင်ချောင်းကွင်းရှိ တောင်သူ ၂၂ ဦး၏ မိုးစပါး ဆင်းသွယ်လတ် စိုက်ဧက ၂၅ ဧကတွင် စပါးများ ပျိုးထောင် ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများ ကို သွားရောက်ကြည့်ရှုအားပေးပြီး (ဝဲပုံ)လိုအပ်သည်များ     မှာကြားခဲ့ကြောင်း သတင်းရရှိသည်။                       
  သတင်းစဉ်