
နေပြည်တော် ဇွန် ၁
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိ ကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ပညာသင်ကြားနေမှုကြည့်ရှု
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ကျောက်ဖြူ မြို့သို့ ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးလူအေး (ယာပုံ)သည် တာဝန်ရှိသူများနှင့်အတူ ကျောက် ဖြူမြို့ ရှိ အခြေခံပညာကျောင်းများ နှင့် ကောလိပ်ကျောင်းများ၌ ကျောင်းများ စတင်ဖွင့်လှစ် သင်ကြားနေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင် စွာ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှု၍ ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးစကား ပြော ကြားသည်။
အလားတူ ဘူးသီးတောင်မြို့ သို့ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း သည် တာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့ ဒပြုချောင်း ကျေးရွာအုပ်စု၌ ကျန်းမာရေး စောင့်ရှောက် ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ကျေးရွာအုပ်စု ငါးစုမှ မုန်တိုင်းဒဏ်သင့်ပြည်သူ များအား ဆန်၊ ဆီ၊ ဆား ထောက်ပံ့ ဖြန့်ဝေနေမှုကို ကြည့်ရှုစစ်ဆေး သည်။ ယင်းနောက် ဘူးသီးတောင် မြို့နယ်အတွင်းရှိ ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုများ ကို သွားရောက်ကြည့်ရှုအားပေး ပြီး မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာ ဦးစီးဌာန၏ ဂိုဒေါင်၌ ထောက်ပံ့ပစ္စည်းထုတ်ပေး နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
စာသင်ဆောင်များကြည့်ရှု
ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် အောင်သူဦးသည် တာဝန်ရှိသူများ နှင့်အတူ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)၏ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြော ကြားပြီး အိပ်ဆောင်နှင့် စာသင် ဆောင်များကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
အလားတူ မာန်အောင်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် တာဝန်ရှိသူ များနှင့်အတူ မာန်အောင်မြို့ ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနေမှုတို့ကို ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်